အကြံမတော်ဘဲထောင်နှုတ်ခမ်းနင်းမိသွားတဲ့အဖြစ်ကြောင့် အဲမီခေါင်းနပမ်းကြီးသွားခဲ့ရပြီ...။
နှိပ်စက်တာလက်လွန်သွားပြီးကင်း'ကိုနှိုးလို့မရတော့လို့ နေလဂိုဏ်းထဲကဆရာဝန်နဲ့ကြိတ်ကုနေခဲ့သေးတာနှစ်ရက်တိတိ။ကလပ်မှာတက်တဲ့ပြဿနာရှင်းဖို့ထွက်သွားရင်းအိမ်ကိုပါပြန်ရောက်မလာခဲ့တဲ့ကင်းနဲ့သူ့လူတွေကို ခြသေ့င်္ကြီးရော၊ ဂျိုးဝီတို့ပါဘယ်မှာမှရှာလို့မရအောင်ခြေရာကပျောက်လို့နေသည်...။
သူ့အဘိုးလေးရဲ့လူယုံတွေလည်းအခေါက်ခေါက်အခါခါလာစစ်ဆေးမေးမြန်းနေခဲ့တာ အိမ်တော်ကိုစောင့်နေရတဲ့ဂျိုးဝီဖြေထားလို့ကိုမနိုင်တော့ဘူး...။
မိန်းမဖြစ်သူကလည်းပျောက်နေတော့သံသယတွေဝင်လာပြီးမိန်းမဖြစ်သူရဲ့သတင်းတွေစုံစမ်းရတော့တယ်...။"ဘာပြောတယ်...ကင်းကိုငါ့မိန်းမကခေါ်သွားတာ...
ဟုတ်လား...""ဂိုတိုဂိုဏ်းကသခင်ကြီးနဲ့ပြဿနာတက်တော့
ကြားကနေအဲမီကအခွင့်ကောင်းယူပြီးမ,ထုတ်သွားတာ...
အဲဒါကို ဂိုတိုကလူတွေအကုန်သိတယ်...
ဆရာအခုမှမလိုက်ရင်တော့ ခြင်္သေ့ကြီးဆီ ဒီသတင်းတွေရောက်ကုန်လိမ့်မယ်..."သူသတိပေးရက်နဲ့အဲမီကဒီလိုတွေလုပ်သွားမယ်မထင်ခဲ့လို့ ပေါ့ပေါ့လျော့လျော့နေခဲ့မိတာ...
ဂျိုးဝီ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်မိတော့သည်...။"ကင်း'ကိုလတ်တလောမထိဖို့တားဆီးခဲ့တယ်မဟုတ်လား...
ဘာလို့ ပြောစကားနားမထောင်ရတာလဲ...မိန်းမရယ်..."ကင်းကိုဖမ်းချုပ်ထားရင်းနဲ့သတိပြန်မလည်လာတော့လို့ ကိုယ့်ဆရာဝန်နဲ့ကြိတ်ကုရင်းမှအဆင်မပြေတော့ဘဲ လင်ယောကျာ်းကိုဖွင့်ပြောရတော့တယ်...။
"သတိကတော့ပြန်လည်မှာပဲ...
အဲဒါထက်စိုးရိမ်ရတာက အာရုံပျံ့လွှင့်ပြီးတော့သတိလွှတ်သူလိုမျိုး အတိတ်မေ့နေတာလိုမျိုးဖြစ်သွားနိုင်တယ်..."ဆရာဝန်ရဲ့ယူဆချက်တွေကိုကြားရတော့...
လူကမူးမိုက်ပြီးတောင်လဲကျချင်သွားတယ်...။
အခုမှတော့အပြစ်တင်နေလို့လဲမထူးတော့ဘူး...။"ဘယ်လောက်ပဲကုန်ကုန် ရအောင်ကုပေးပါ..."
ဆရာဝန်ကိုပဲခြိမ်းခြောက်ပြီးအတင်းအကျပ်တွေကုသခိုင်းပေမယ့်...
နတ်သိကြားဆင်းလာကယ်တောင်အဆင်ပြေမယ့်ပုံမရှိတဲ့ကင်းကအိပ်ယာပေါ်မှာတုတ်တုတ်မျှကိုမလှုပ်...။
ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက်သာကုန်လာခဲ့တာ ကင်းလုံးဝသတိမလည်လာဘဲလေးရက်မြောက်နေ့ရောက်တဲ့အချိန်မှာ ဂျိုးဝီတို့လင်မယားကိုမိုးကြိုးထပ်ပစ်တယ်...။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...