43

49 1 2
                                    


ပေကျင်းဒေးလီးသတင်းစာ
ဧပြီလ 4 ရက်နေ့ (စနေနေ့)

သေဆုံးခြင်းမှာ နာမည်ကြီးတဲ့ လဧပြီ

နာမည်ကြီး rock တီးဝိုင်း၏ပင်တိုင်အဆိုရှင် အလက်စန္ဒားဝူ'
အသက် 23
လက်ရှိနေအိမ်၏ရေချိုးကန်အတွင်းမိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်း...

အလက်စန္ဒားဝူသည်ပရိသတ်မိန်းကလေးတစ်ဦးနှင့် ဆက်ဆံရေးအရလွန်လွန်ကျူးကျူးဖြစ်ခဲ့ပြီး ရလာသည့်ကိုယ်ဝန်ကိုဖျက်ချခိုင်းခဲ့ရာမှအစပြု၍ ပြဿနာမျိုးစုံကိုတစ်လကြာကြာမျှရင်ဆိုင်ခဲ့ရပြီးနောက် စိတ်ဓါတ်ကျဝေဒနာခဲ့စားခဲ့ရပုံရပြီး မိမိ၏လက်ကောက်ဝတ်အားဓားနှင့်လှီးဖြတ်၍သေကြောင်းကြံခဲ့ခြင်းဖြစ်သည်။

စောစောစီးစီးဖတ်လိုက်ရတဲ့သတင်းအကြောင်းအရာကကောင်းခြင်းတွေပါမနေပါ။
တချိန်တုန်းကအဲလက်စ်ဝူ'လို့သူသိခဲ့ဖူးတဲ့ အဲဒီ ရော့ခ်အဆိုတော်လေးဟာ သူ့ထက်နှစ်နှစ်မျှသာအသက်ကြီးတဲ့လူငယ်လေးပါ။
ဘယ်လိုတွေဖြစ်လို့ ကိုယ့်ဘာသာအဆုံးစီရင်လိုက်တဲ့အထိဖြစ်ခဲ့ကြသလဲမသိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးရှုံးလိုက်ရတဲ့အပေါ်ရင်ထဲမှာမကောင်းချင်ခဲ့။
ရိပေါ်က အဲဒီသတင်းတွေကိုဆက်မဖတ်ချင်တော့ပေမယ့် အဲလက်စ်ဝူရဲ့ဓါတ်ပုံ အောက်ဘက်နားလေးမှာ ရှောင်းကျန့်ရဲ့မျက်နှာလေးကိုမြင်လိုက်ရတော့ ဆက်ဖတ်ဖြစ်သွားခဲ့သည်။

နိုင်ငံကျော်၊ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်..ရှောင်းကျန့်
လူမြင်ကွင်းထဲမှနှစ်လကြာအောင်ပျောက်ဆုံးနေခဲ့တာ သွေးရိုးသားရိုးဟုတ်ရဲ့လား။

တဆက်ထဲမြင်လိုက်ရတဲ့ ရှောင်းကျန့်ရဲ့နာမည်နဲ့သတင်းအကြောင်းအရာကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကသွေးသားတွေကငယ်ထိပ်အထိဆောင့်တက်သွားခဲ့တယ်။

ဧပြီလ (4 လပိုင်း) 4 ဂဏန်းဟာခေတ်အဆက်ဆက်မှာမကောင်းသောလတစ်လအဖြစ်နာမည်ကြီးခဲ့ပြီး နာမည်ကြီးတဲ့ပုဂ္ဂိုလ်တော်တော်များများဟာ ဧပြီလထဲမှာ သေဆုံးခဲ့ကြတာလည်း တိုက်ဆိုင်မှုမဟုတ်ခဲ့။
ဧပြီလ 4 လပိုင်းဟာ တရုတ်ဘာသာစကားအရ shi /4 ဂဏန်း၏အသံထွက်သည် သေခြင်းတရား၏အသံထွက်နှင့်ဆင်တူနေတာကြောင့်လဲ လူပြောပိုများနေခြင်းသာ။
တောင်တွေးမြောက်တွေးနဲ့ သတင်းကိုဆက်ဖတ်ဖြစ်တော့မှ ရိပေါ်ရဲ့သံသယစိတ်လေးတွေထိန်းလို့မပါတော့။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now