42

45 2 2
                                    



နောက်ထပ်ဘယ်လောက်များများပြဿနာတွေရှိဦးမလဲဆိုတာသေချာမသိနိုင်ပေမယ့် သူ့မျက်စိတဆုံးမှာဖြစ်လာတဲ့ပြဿနာတွေကိုဒီ့ထက်ပိုပြီးအကျယ်ဖြစ်မသွားစေချင်တော့...
သူ့လက်နဲ့ရပ်တန့်နိုင်မယ်ဆိုရင် ကမ္ဘာကြီးကိုပါရပ်တန့်ပေးဖို့ကြံစည်နေရင်း...

"ခဏနေပါဦး...ခဏလေး...နှုတ်ဆက်ချင်သေးလို့..."

အိပ်ပျော်နေဆဲဖြစ်တဲ့ ရိပေါ့်ခန္ဓာကိုယ်လေးကိုသယ်ယူပြီး ခြံထဲကနေထွက်ခွာဖို့ပြင်နေတဲ့ကားလေးကိုသံယောဇဉ်မပြတ်နိုင်ဘဲနဲ့ ရှောင်းကျန့်က ကားတံခါးကိုလက်နဲ့တင်းအောင်ဆွဲထားမိသည်။
မှန်မချသေးတဲ့တံခါးဆီကနေကျော်ပြီးမြင်နေရတဲ့ နုနုထွေးထွေးနဲ့ ရိပေါ့်မျက်နှာလေးကိုပဲတဝကြီးငေးပစ်ရင်း...
ဆုံးဖြတ်ချက်တို့ပြန်မပြင်ဖြစ်အောင်စိတ်ကိုတင်းလိုက်၏။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတာအမှန်ကန်ဆုံးဖြစ်မည်။
ဒါပေမယ့်...ဒါပေမယ့်.....
ယုံကြည်ချက်တွေနည်းပါးနေတာ...သူ...ရွေးချယ်လိုက်တဲ့..ဒီလမ်းကဖြစ်သင့်ရဲ့လား မသေချာ။

ထွက်ခွာဖို့အချက်ပြနေတဲ့ကားလေးကသူ့ကိုထပ်မစောင့်နိုင်တော့ဘဲ ခြံထဲကနေခပ်ဝေးဝေးကိုပြေးထွက်သွားတဲ့အထိ နှုတ်ခမ်းဖျားတို့ကဆွံ့အဆဲ။
နှုတ်ဆက်ဖို့အချိန်လေးပေးပါဦးလို့ ခွင့်တောင်းခဲ့မိပေမယ့် နှုတ်မဆက်ဖြစ်လိုက်တာ...
ဒါသူတို့အတွက်နောက်ဆုံးမဖြစ်နိုင်ဘူးလို့ စိတ်ထဲမှာထင်နေမိလို့။
ဆောရီးပါ...ချာတိတ်ရဲ့.....
မင်းနဲ့အတူအမြဲရှိနေပေးမှာဆိုတဲ့စကားကိုမတည်ပေးနိုင်တော့ဘူးထင်တယ်။
ငါ...ငါ...မင်းကိုထားခဲ့ရတော့မယ်...။
ဗလာဖြစ်နေတဲ့လက်ဖဝါးနှစ်ဖက်ကိုပဲပွတ်ချည်၊ နယ်ချည်နဲ့ ရှောင်းကျန့်ကခေါင်းငိုက်စိုက်လို့ကျန်နေခဲ့ရသည်။

"ဘာလဲ...ရေစီးကြောင်းသံယောဇဉ်တွေထင်တယ်...ဟုတ်လား...ဟားဟားဟား..."

ဆန်းကာဒိုရဲ့ ရယ်သံခပ်အုပ်အုပ်ကြီးကြောင့် ဒွိဟဖြစ်နေတဲ့သူ့အတွေးများရပ်တန့်လို့...
ဟုတ်သားပဲ....သူတို့ကြားကဆက်နွယ်မှုလေးကရေစီးကြောင်းလိုပဲပြတ်သွားနိုင်တဲ့အရာမှမဟုတ်တာ...
မိုင်တွေဘယ်လောက်ဝေးရမလဲမသေချာပေမယ့်...
ယုံပါတယ်...
ရင်ထဲမှာကိုယ်စီရှိနေဦးမယ်။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now