တကယ်လို့များ အခုလက်ရှိမှာ...
ရိပေါ့်ကိုမျက်နှာချင်းဆိုင်တွေ့ခွင့်ရခဲ့ရင်...
တစ်ခုထဲမေးကြည့်ချင်တယ်...။ဒီကလေးကိုခိုးယူမွေးစားရဲတဲ့အထိ ဘယ်လိုစိတ်ကူးတွေဖြစ်ပေါ်ခဲ့သလဲ...ရိပေါ်...
ဘယ်လိုသတ္တိတွေနဲ့ ဒီနေ့အထိ ရှေ့ဆက်နိုင်ခဲ့သလဲ...ဒီအခြေအနေအထိ လူအသိမခံဘဲဖုံးကွယ်ထားတဲ့အကြောင်းရင်းကရော...
ရိုးသားနေရဲ့လား...။လီယို...ခနဲ့နေသလိုမျိုး...
အသက်ရှင်လျက်တည်ရှိမနေတော့တဲ့ ချစ်ရသူရဲ့နေရာကိုအစားထိုးဖို့ဆိုပြီး...မွေးစားထားတယ်ဆိုတာမျိုးလား...။"မွေးစားတာလေ...
မွေးပြီးတော့စားမယ်ဆိုတဲ့စိတ်ကူးကလွဲပြီးဘာဖြစ်ရဦးမှာလဲ...
ရိုးရိုးသားသားပါဆိုပြီး တနေ့နေ့တော့ဆန်းသွားမှာပဲ...
မယုံရင် အစ်ကိုစောင့်ကြည့်လိုက်ပေါ့...
ကိုယ်မွေးထားတဲ့ကြက်ကို ကိုယ်ပြန်သတ်စားမစား...ဆိုတာ.....""မင်း...ပါးစပ်ကိုပိတ်ထားလိုက်...
လီယို...နောက်တစ်ခါ ဒီပေါက်လွတ်ပဲစားစကားတွေငါ့ကိုလာမပြောနဲ့...
နောက်ပြီး ရိပေါ့်ရဲ့ကိစ္စတွေကိုထပ်မစပ်စုဖို့ငါတို့သဘောတူထားတယ်နော်...
အေး.....မင်းရဲ့ခြေတစ်လှမ်းလောက်ရှေ့ကိုတိုးလာတယ်ဆိုတာနဲ့...ငါနဲ့ထိပ်တိုက်ဆုံပြီပဲ..."ဘယ်လောက်ပဲမစပ်စုပါနဲ့လို့ဆိုဆို...
လီယိုက ရိပေါ်နဲ့ပတ်သက်ပြီး ရှောင်းကျန့်ကိုသဝန်တိုနေမိတော့လည်း...ခက်ပြန်တယ်...။အစ်ကိုနဲ့လုပ်ထားတဲ့ အပေးအယူကိုကတိတည်ဖို့လုံးဝဆုံးဖြတ်ထားပေမယ့်...
အစ်ကိုဘာတွေလုပ်နေတယ်ဆိုတာကိုတော့သိနေမှဖြစ်မှာမို့..."အစ်ကို့ကိစ္စတွေအားလုံးကို ကျွန်တော့်ကိုအားလုံးအသိမပေးလဲရတယ်...
ဒါပေမယ့်...ရိပေါ့်ကိစ္စကလွဲပြီးတော့...""ငါ...စကားကိုခဏခဏမပြောလိုဘူး...လီယို...
မင်းကိုပေးနိုင်တာအကုန်ငါပေးပြီးပြီ...
မင်းဘက်ကလည်း ငါ့အပေါ်ကိုသစ္စာမဖောက်စမ်းနဲ့..."လီယိုလိုချင်တာက...သူ့ဘေးမှာတည်ရှိနေဖို့ကိစ္စဆိုရင်...
သူ...အလိုရှိနေတာက...
ရိပေါ်နဲ့ ကင်းရဲ့သားလေး စျာန်နဝါရီအကြောင်းကို ယာကူဇာဂိုဏ်းထဲကဘယ်သူ့ကိုမှအသိမပေးဖို့နဲ့...
ရိပေါ်တို့ကိုအသုံးချကာ ထပ်ပြီးပြဿနာမရှာဖို့ပဲ...။
KAMU SEDANG MEMBACA
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fiksi Penggemarစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...