သူ့အဖေဆီကိုကင်း'ရောက်ရှိသွားတဲ့အချိန်မှာ...
ယာကူဇာအဖွဲ့စည်းတစ်ခုလုံးဗြောင်းဆန်နေတဲ့အချိန်ဖြစ်၏။
ဂိုဏ်းရဲ့အကြီးဆုံးဂေါင်ကြီးကနာမကျန်းဖြစ်နေတာမို့...
အုပ်ချုပ်ဖို့အတွက်ရာထူးကိုသူသူငါငါတပ်မက်ပြီးတော့လုယူနေကြပြီး...
ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့...ကိုယ့်အသက်ကိုကိုယ်ဖက်နဲ့ထုပ်ပြီးနေနေရတဲ့အနေအထားဖြစ်၏။
ဒါ့အပြင်...ညီအစ်ကိုလေးယောက်ရှိကြတဲ့အထဲအငယ်ဆုံးဖြစ်တဲ့သူတို့ရဲ့အဖေ...မဟာ့ကိုညီအစ်ကိုတွေကမျက်မုန်းကျိုးနေခဲ့ကြတာ...
လည်တဲ့သူစား...ကျားကစားသလို...
တစ်ယောက်နဲ့တစ်ယောက်မျက်လုံးဒေါက်ထောက်စောင့်ကြည့်နေခဲ့ကြတယ်...။အဲဒီလိုနေရာမျိုးမှာချစ်မြတ်နိုးရတဲ့ကိုယ့်ရင်သွေးကိုဘယ်နည်းနဲ့မှ...ရှင်သန်နေထိုင်ဖို့အခွင့်ကိုသူမ,မပေးချင်ပေ...။
သားနှစ်ယောက်ရှိတဲ့အထဲမှာတစ်ယောက်ကိုဆုံးရှုံးခဲ့ပြီးဖြစ်လို့ဒီတစ်ယောက်ကိုတော့သူမအသေအကျေကာကွယ်ဖို့စိတ်ကူး၏။"မေမေပြောသလိုသာဆိုရင်...ကင်း'တစ်ယောက်ထဲအဆင်ပြေပါ့မလားဟင်..."
အလင်း'အဲဒီနိုင်ငံကပဲထွက်ခွာလာရတာ...
ကင်း'အပေါ်စိုးရိမ်တဲ့စိတ်ကဖျောက်လို့မရ...။"ကင်း'ကိုစိတ်မပူနဲ့...သားရယ်...
မင်းသာ...အဲဒီပတ်ဝန်းကျင်ထဲရောက်မသွားအောင်သတိထားရမှာ...""တကယ်လို့တနေ့နေ့မှာ...ကျွန်တော့်အကြောင်းသိသွားကြရင်ရောဘယ်လိုလုပ်မလဲဟင်..."
"မသိဘူး...လုံးဝမသိစေရဘူး...
မေမေအာမခံတယ်...အခုထိုင်ဝမ်ကိုရောက်တာနဲ့...
မင်းကိုအဲဒီနိုင်ငံသားဖြစ်အောင်လုပ်ပေးမယ်...
ပြီးရင်ပြည်မကြီးဆီပြောင်းကြမယ်...
မင်းနာမည်ကလည်းပြောင်းထားပြီးသားဆိုတော့...
သူတို့ကိုမျက်ချေဖြတ်နိုင်မှာပါ...
အဲဒီမှာပဲသားဘဝကိုကောင်းကောင်းမွန်မွန်ကျောင်းပြီးတော့အသက်ရှင်ရမယ်...
မင်းကိုကို့ကိုလည်းမေမေကြိုးစားကယ်တင်ဦးမယ်...
ဘယ်နည်းနဲ့မှအဲဒီအထဲမှာမေမေ့သွေးသားကိုနစ်မြှုက်မခံနိုင်ဘူး..."အဲဒီလိုတွေမေမေမှာတမ်းချွေခဲ့တဲ့အတွက်ကြောင့်လည်း...
သူ...ကင်း'ဆီကိုကပ်ဖို့ထပ်မကြိုးစားတော့သလို၊ ကင်း'ကလည်းသူ့ကိုဆက်သွယ်ဖို့သိပ်မကြိုးစားတော့ဘူး...။
ဒါပေမယ့်လည်းအဆက်သွယ်ရှိနေခဲ့သေးတာ...
ရှောင်းကျန့်ဆီမှာမေမေ့ဖုန်းအဟောင်းလေးရှိနေခဲ့လို့ပါ...။
![](https://img.wattpad.com/cover/253121991-288-k341731.jpg)
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...