Omatase...
nakanaka up dekinakute gomen ne...
😓
Good night."ဂျိုးဝီကမဟာ့ကိုသတ်ခဲ့တယ်ဆိုတာ အမှန်ပဲ...
ဘယ်နေရာမှာသတ်ခဲ့လဲသိလား... တောင်ပိုင်းဒေသမှာမဟုတ်ဘဲနဲ့...ဒီ...ကြယ်ဖြူဆိပ်ကမ်းထဲမှာ...တဲ့...
CCTV သက်သေတွေသိပ်မကြာခင်ရမယ်...""အဲဒီသက်သေတွေကိုရရင် လုပ်စရာရှိတာလုပ်ပြီးချက်ချင်းဖျက်ဆီးလိုက်တော့...
ဒါတွေအကုန်လုံးကောင်လေးကိုမသိစေနဲ့..."ရင်ဘတ်ကဒဏ်ရာရဲ့နာကျင်မှုက နှစ်ဆထပ်ဖြစ်သွားကာ...ရပ်တည်ထားတဲ့ခြေထောက်တွေပါမခိုင်မြဲချင်တော့ဘူး...။
ဒီလိုကိစ္စရပ်တွေကိုဖုံးကွယ်ထားချင်တဲ့ လူကြီးတွေရဲ့အတွေးကိုလဲနားမလည်နိုင်တော့ဘူး...။အဖေရယ်...အစ်ကိုရယ်...နောက်ဆုံးသူ့ကိုပါသတ်ဖို့ကြိုးစားတဲ့လူကိုစိတ်လိုလက်ရမထိပါးလိုက်ဖို့တားနေရတဲ့အကြောင်းပြချက်ကဘာလဲ...။
ဦးလေးအရင်းရဲ့အဆမတန်ယုတ်မာမှုတွေကိုစက်ဆုပ်နေရင်းနဲ့ ဒီလူကြီးတွေကိုပါစိတ်ကနာချင်နေပါပြီ။
နှေးကွေးလေးလံနေတဲ့ခြေလှမ်းတွေနဲ့ ကိုယ့်အခန်းထဲကိုယ်ပြန်ရောက်လာတဲ့အထိစိတ်နဲ့လူကမကပ်ချင်။"ကျွန်တော့်ကိုဖုံးကွယ်ထားခဲ့တဲ့ အဲဒီနေ့ကကိစ္စတွေကိုတလုံးမကျန်ပြန်ပြောစမ်းပါ..."
"..."
အဲဒီကိစ္စတွေက်ို မစပ်စုတော့ဖို့ ရှောင်းကျန့်ရဲ့အဘိုးကမှာထားတာမို့...အာ့ခီတို့ငါးယောက်စလုံးဘယ်သူကမှမလှုပ်ရှားရဲပါ။
ဟုတ်ကဲ့လို့လဲပြန်မပြော၊ ခေါင်းလဲမခါဘဲ ငူငူကြီးဖြစ်နေတဲ့တပည့်ငါးယောက်ကို ရှောင်းကျန့်က ဂျိုကြည့်ကြည့်တယ်...။"ကျွန်တော်ပြောတာကိုမကြားကြဘူးလား...
ဒါမှမဟုတ် နားမလည်တာလား...""မဟုတ်...မဟုတ်ပါဘူး...ဟို...ဟိုလေ..."
"ကျွန်တော်မေ့သွားတယ်...ခင်ဗျားတို့က သခင့်အမိန့်ရမှလှုပ်ရှားမယ့်ခြေထောက်တွေပဲ..."
ဟိတ်ဆိုရင် တိတ်သွားတတ်ကြတဲ့ အာ့ခီတို့က ဘိုးတော်နှစ်ပါးရဲ့အမိန့်ကိုလုံးဝလွန်ဆန်ရဲမှာမဟုတ်တာကိုရှောင်းကျန့်သဘောပေါက်တယ်...။
ဒါပေမယ့်...လက်ရှိကိစ္စတွေက ပလစ်ထားခဲ့လို့မဖြစ်...။
STAI LEGGENDO
နောက်ဆုံးမင်းနဲ့ / နောကျဆုံးမငျးနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...