39

33 1 1
                                    

ဘယ်သူကဘယ်သူ့နောက်ကိုလိုက်လို့လိုက်မှန်းမသိပေမယ့်...
ရှောင်းကျန့်ကိုကြားမှာညှပ်ပြီး ရိပေါ်နဲ့လီယိုကရှေ့နောက်ညှပ်လို့ပြေးထွက်လာခဲ့တာ...
သုံးယောက်သားကကားပါကင်ထွက်ပေါက်နဲ့သိပ်မဝေးတော့ပါ။
ကလပ်ထဲမှာဘာဖြစ်လို့ ဘာဖြစ်မှန်းသေချာမသိကြဘဲ ရဲကားသံကိုကြောက်ပြီး
ခြေဦးတည့်ရာပြေးနေတဲ့လူတွေကြောင့် အထပ်သုံးထပ်ရှိတဲ့ကလပ်ကြီးကဝုန်းဒိုင်းကိုကျဲလို့...။
သူတို့ကိုမျက်ခြေပြတ်မခံတဲ့ လူမိုက်လိုလိုလူတစ်အုပ်စုကလည်း ဘာအတွက်နဲ့ သူတို့နောက်ကိုလိုက်နေမှန်း ရိပေါ်ကသေချာမသိ။

"နေဦး...ဘာလို့ကျွန်တော်တို့ကပြေးရမှာလဲ..."

ရှေ့ဆုံးကပြေးနေတဲ့ရိပေါ်ကရုတ်တရက်ခြေလှမ်းရပ်ပစ်လိုက်တာကြောင့် သူ့နောက်ကနေကြွက်မြီးတန်းပြေးလိုက်နေတဲ့ ရှောင်းကျန့်ရော၊ လီယိုရော ခြေလှမ်းတွေတုန့်ခနဲရပ်သွားရသည်။
သူတို့သုံးယောက်စလုံးကားပါကင်နားလေးရောက်နေပြီမို့ အန္တရာယ်ကင်းပြီလို့ယူဆလို့ရပေမယ့်...ဒီနေရာနဲ့မဝေးရင်စိတ်မချရလို့ ကားထားရာဆီကိုပဲအရင်ပြေးသွားဖို့ ရိပေါ့်လက်ကိုလှမ်းဆွဲရသည်။

"ကားဆီရောက်အောင်အရင်သွားမယ်ကွာ...ပြီးမှမေး...ဒီနေရာနဲ့ဝေးဝေးကိုသွားကြမယ်..."

နောက်ကိုပြန်လှည့်ကြည့်တော့ အန်ကယ်ဂျိုးဝီရဲ့သက်တော်စောင့်တွေနဲ့ တခြားဘယ်အုပ်စုမှန်းမသိတဲ့လူတချို့လုံးထွေးအော်ဟစ်သတ်ပုတ်နေကြသည်။
ဘယ်လိုပြဿနာတက်ကြသလဲဆိုတာသေချာမသိပေမယ့် ဒါဟာသူ့အတွက်အခြေနေကောင်းမဟုတ်ဘူးဆိုတာကို ရှောင်းကျန့်ကသဘောပေါက်တော့ ထွက်ပြေးဖို့ပဲတာစူနေခဲ့၏။

ရိပေါ်ကတော့...ငါနဲ့ရှောင်းကျန့်ကဘာကိစ္စနဲ့ပြေးနေရတာလဲ...ဆိုတာကိုပဲတွေးနေပြီး ထွက်ပြေးဖို့ကိုတွန့်ဆုတ်လို့...။
သူတို့နဲ့အတူတူပြေးနေတဲ့ငနဲကြောင့်လည်း စိတ်ထဲဇဝေဇဝါဖြစ်လာခဲ့ရပြန်ကာ...
နောက်မှာမြင်ရတဲ့လူမိုက်လိုလိုလူတွေက အဲဒီငနဲနဲ့ပြဿနာရှိနေတာလား...။
ဒါဆို အဲဒီငနဲနဲ့ ငါတို့ လူစုကွဲသွားမှဖြစ်မှာ...။

နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့Where stories live. Discover now