အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းတို့လဲပျောက်ဆုံးပြီထင်၏။
အခုချိန်မှာသူအလိုရှိနေတာက...တစ်ခုထဲ...
ဆုတောင်းလို့ပြည့်မယ်ဆိုလျှင် ဒီအခြေနေတွေကိုပြောင်းပြန်လှန်နိုင်စွမ်းကိုသူတောင့်တပါသည်။"မင်းလိုချင်တဲ့ရလာဒ်မျိုးကိုရယူနိုင်ဖို့ဒီလောက်လေးပေးရတာတန်ပါတယ်...ရှောင်းကျန့်ရာ...
ကိုယ်ကိုယ်တိုင်မစွမ်းနိုင်လို့ စွမ်းအားရှိတဲ့သူရဲ့ ခြေထောက်ကိုဖက်ပြီးတောင်းပန်တိုးလျှိုးရတာမျိုးမင်းမကြုံခဲ့ဖူးလို့...
ဒီမှာ ငါ့မှာရှိနေသမျှဒီဒဏ်ရာတွေက ငါတခုခုနဲ့လိုလိုချင်ချင်လဲယူခဲ့လို့ ပြန်ရတဲ့အရာတွေပဲကွ...""ကင်းရာ...မင်း..."
သူ့ရှေ့မှာပြိုလဲကျချင်နေပြီဖြစ်တဲ့ကင်းက ခန္ဓာကိုယ်တစ်ခုလုံးသွေးတွေနဲ့ချင်းချင်းနီနေတာမို့ ရှောင်းကျန့်ကသူ့ကိုကြည့်ရင်း သနားရလွန်းလို့လူကမလှုပ်ရှားနိုင်ပေမယ့်လည်း နေမထိထိုင်မသာ။
ရှောင်းကျန့်..သူ့လက်ချောင်းတွေကိုလှုပ်ကြည့်လည်း နှေးကွေးလို့၊ ခြေထောက်တွေကလည်းထုံထိုင်းလို့....
ဒီအချိန်ကျမှ ဘာလို့ သူ့မျက်ခွံတွေမတရားလေးလံနေသလဲမသိ။
စကားတစ်လုံးပြောထုတ်ဖို့အရေး ဘာကြောင့်ဒီလောက်ခက်ခဲနေရသလဲမသိ။
တလှမ်းချင်းသွားနေတဲ့ကင်းဆီကိုတောင်ခြေမလှမ်းနိုင်အောင် သူ့ခန္ဓာကိုယ်တစ်ခုလုံးအင်အားတွေဘာလို့ဆုတ်ယုတ်နေခဲ့သလဲမသိ။"ကင်း...ဖြည်း...ဖြည်း...သွား...ငါလိုက်လို့ မ...မီလို့..."
"အခုကနေစမှတ်သွား...ရှောင်းကျန့်
သူများအထိန်းချုပ်မခံချင်ရင် ကိုယ်ကအင်အားနဲ့အာဏာရှိနေဖို့လိုတယ်...
လူတိုင်းကိုကြင်နာတတ်ကြောင်းမပြနဲ့...
ကိုယ့်ကိုလူတွေကကြောက်နေလေ...ကိုယ့်မှာအာဏာရှိနေလေပဲ...
မင်းကိုလူတွေကမကြောက်ရင် မင်းကပြန်ကြောက်နေရလိမ့်မယ်..."စကားကိုအားတင်းပြီးပြောနေရတော့ မောဟိုက်တုန်ရီနေတဲ့ကင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာအပြည့်နဲ့ သူ့အမျိုးသမီးရဲ့လက်ကလေးကိုဆွဲလို့သူ့ရှေ့မှထွက်သွားခဲ့သည်။
ထွက်မသွားခင်လေးမှာ တစုံတခုကိုသူမြင်သာအောင်လို့လမ်းပေါ်မှာချထားခဲ့ပြီးလက်ညိုးလေးနဲ့ညွှန်ပြနေခဲ့သေး၏။
YOU ARE READING
နောက်ဆုံးမင်းနဲ့ / နောက်ဆုံးမင်းနဲ့
Fanfictionစားမယ် ခေါင်းတော့စားမယ် ယာကူဇာဂိုဏ်းအကြောင်းတွေပါမယ် ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်ရဲ့ ခိုင်မြဲတဲ့သံယောဇဉ်အကြောင်းလေးတွေပါမယ် ကြည်နူးမယ် ပျော်ရွှင်မယ် ဆုံးရှုံးမယ် လွမ်းဆွေးမယ် နာကျင်မယ် အဝေးဆုံးဝေးကွာကြပြီးမှ နောက်ဆုံးတော့ ပြန်ဆုံမယ် role အရမ်းစွဲပြီး...