(၅၄)

4.7K 478 24
                                    

Unicode

ပြောဖို့မလွယ်သော မွန်းကြပ်မှု

"ကိုကိုရှောင်ကျဲ..."

ပိုင်မေ့ကျောက် က သနားစဖွယ်အမူအရာ လုပ်ကာ ရင်းရှောင်ကျဲ ကိုကြည့်နေပါတယ်။

"ထွက်သွား!"

ရင်းရှောင်ကျဲ ကညင်သာမှုတစ်စုံတစ်ရာမပါတဲ့ အသံနဲ့ အော်ထုတ်လိုက်ပါတယ်။
သူ့အကြည့်တွေက အရိုင်းဆန်လို့နေသည့်အပြင် ဘေးပတ်လည် က လူတွေတောင်မှ သူ့ကိုယ်ကထွက်နေတဲ့ ကြောက်စရာအငွေ့အသက်တွေကို လန့်နေပါတယ်။

ပိုင်မေ့ကျောက် ကိုယ်‌တိုင်လည်း ခြွင်းချက်မရှိ ထိတ်လန့်လို့နေပေသည်။

"အဲ့ဒါဆို ရှင်က ကျွန်မနဲ့ လမ်းခွဲဖို့ပြောနေတာလား?"

ဒါက အမှန်တရား လို့မယုံလိုက်ခင် သူမက အတည်ပြုခဲ့ချင်ပါသေး‌တယ်။

"အင်း...ဒီနေ့ကစပြီး မင်းက ရင်းရှောင်ကျဲ ရဲ့ မိန်းကလေး မဟုတ်တော့ဖူး။"

ပိုင်မေ့ကျောက် က တုန်လှုပ်သွားကာ နေရာမှ လဲကျတော့မတတ်ပင်။

ဒါပေမဲ့လည်း ရင်းရှောင်ကျဲ သူမ သေသေရှင်ရှင် သူ့အလုပ်မဟုတ်သလို နည်းနည်းလေးတောင် လှည့်မကြည့်တာကို သတိထားမိလိုက်ပါတယ်။

ဒီအမှန်တရားက လက်ခံဖို့တောင်ခက်ခဲလွန်းတယ်။
ဘာလို့...ဘာလို့များ သူအဲ့လောက် အသည်းမာရတာလဲ?

ကျဲသခင်လေး က တရားမျှတတဲ့သူတစ်ယောက် မဟုတ်ဖူးဆိုတာ သူမအရင်က ကြားခဲ့ပေမဲ့ မယုံကြည်ခဲ့ပါဘူး။

သူနဲ့တွဲနေတဲ့မိန်းကလေးတစ်ယောက်အပေါ်မှာ အကောင်းမွန်ဆုံး ဆက်ဆံပေမဲ့ လမ်းခွဲပြီးပြီဆိုရင်တော့ နှလုံးသားမဲ့သည့်အေးစက်စက်လူသား တစ်ယောက်ပြန်ဖြစ်သွားကာ အတိတ်မှာထိုမိန်းကလေးနဲ့ ပတ်သက်ခဲ့သမျှကို ပြည်ဖုံးကားချလိုက်သည် ဆိုသော အကြောင်းပင်။

သေချာတာပေါ့...သူမက အဆိုပါမိန်းကလေးတွေနဲ့ မတူဖူးလို့ ထင်ထားခဲ့တာလေ။

ရင်းရှောင်ကျဲ ရဲ့ ပြတ်သားတဲ့စကားတွေကြောင့် ပိုင်မေ့ကျောက် တစ်ယောက်တော့ ရှော့ခ်ရသွားပေမဲ့ တခြားမိန်းကလေးတွေအတွက်ကတော့ ဒါက သတင်းကောင်းတစ်ခုဖြစ်လို့နေပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Nơi câu chuyện tồn tại. Hãy khám phá bây giờ