(၃၄)

7.5K 702 24
                                    

Unicode

အရှက်မရှိ ပြောပြီးသား စကား ပြန်မရုပ်သိမ်းနဲ့

"အင်း"

မုရှောင်ရှောင်း ကတော့ အသေးအဖွဲကိစ္စလေးကို တောင်းဆိုနေသည့်ဟန် ပြုံးကာ ပြောလိုက်ပေမဲ့ ရင်းရှောင်ကျဲ ရဲ့ အစွမ်းကုန် ပြုံးထားတဲ့ မျက်နှာကတော့ ခရမ်းသီးမီးဖုတ်ထားသည့်နှယ် ရှုံ့တွသွားလေသည်။

ဘယ်လိုပဲပြောပြော သူက ချမ်းသာတဲ့မိသားစုရဲ့ သခင်လေးတစ်ယောက်ပဲလေ...အနည်းဆုံးတော့ နူးညံ့နွေးထွေးပြီး သက်သောင့်သက်သာ ရှိတဲ့ အိပ်ရာလေး တစ်ခုတော့ ရသင့်ပါတာခ။

ဘယ်လိုလို့...ဘယ်လိုလို့ ဆိုဖာ ပေါ်မှာ အိပ်ရမှာလဲ? မုရှောင်ရှောင်း က သူ့ဘဝကြီးကို တကယ်ခက်ခဲအောင် လုပ်နေသလိုပါပဲ...။

ရင်းရှောင်ကျဲ တစ်ယောက် တွေဝေနေတာကို တွေ့တော့ သူပေးထားတဲ့ ကတိကို ပြန်ရုပ်သိမ်းသွားမှာ စိုးတာနဲ့ မုရှောင်ရှောင်း က သူ့ကို လက်ညှိုး နဲ့ထိုးကာ ပြန်ပြောနေပြန်ပါတယ်။

"ငါ ဘာခိုင်းခိုင်း လုပ်မယ်လို့ ပြောပြီးသားနော်...အရှက်မရှိ ပြောပြီးသားစကားကို ပြန်မရုပ်သိမ်းနဲ့!"

ရင်းရှောင်ကျဲ : "..."

နောက်ဆုံးတော့ "လိုအပ်ရင် သူများလက်အောက်မှာ အောက်ကျို့သင့်လည်း ကျို့ရမယ် " လို့ လူကြီးတွေ ပြောကြတာကို နားလည်သွားခဲ့ပါပြီ...။

သူပေးခဲ့တဲ့ ကတိကို ဖောက်ဖျက်ချင်ပေမဲ့လည်း ကိုယ့်ဂုဏ်သိက္ခာကို ငဲ့ရမှာ ဖြစ်တဲ့အတွက် အခိုက်အတန့်တော့ သူ‌မလေး စိတ်တိုင်းကျ လုပ်ပေးမှ ဖြစ်မည်လေ...။

"ဒါပေါ့...ငါက ကိုယ့်ကတိကိုယ် တည်ရမှာပေါ့!"

ရင်းရှောင်ကျဲ က အပြောင်းအလဲ မရှိ သဘောကြီးတဲ့ဟန်နဲ့ ပြောလိုက်ပေမဲ့လည်း စိတ်ထဲမှာတော့ အိပ်ရာပေါ် မှာ အိပ်ခွင့်ရဖို့ အတွက် ဉာဏ်နီဉာဏ်နက်ဉာဏ်ဝါဉာဏ်ပြာ ဉာဏ်ကာလာစုံ ထုတ်နေပါတယ်။

မုရှောင်ရှောင်း က ခေါင်းအုံး တစ်လုံးကို ဆွဲယူကာ ရင်းရှောင်ကျဲ ရင်ဘတ်ထဲ ထိုးထည့်ပေးလိုက်ပြီး "Goodnight" ဟုဆိုကာ အနုနည်းနဲ့ နှင်ထုတ်လိုက်ပါတော့တယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Место, где живут истории. Откройте их для себя