Unicode
သူမနဲ့ငါ ဘယ်သူပိုအရေးကြီးလဲ?
ပုံမှန်ဆိုရင်တော့ အတန်းပြီးပြီဆိုတာနဲ့ ရင်းရှောင်ကျဲ ရဲ့ လက်ထောက် ဝူဟောက် က သူ့နားကို ပြေးလာပြီး ဘာလုပ်ပေးရမလဲ ဘာညာ လာဖားနေကြပါ။အခုတော့ ရင်းရှောင်ကျဲ သူ့ကိုမခေါ်မချင်း မလာရဲဖြစ်နေကာ သူ့နာမည်ကို ခေါ်သံလည်း ကြားရော အထိတ်ထိတ်အလန့်အလန့်နဲ့ ပြေးလာပါတယ်။
ရင်းရှောင်ကျဲ မျက်နှာမှာ ဒေါသကြောင့် အမည်းရောင်လွှမ်းလို့နေရှာတယ်။
စားပွဲခုံပေါ် လက်ခေါက်ပြီး စိတ်ပျက်ဟန်က အထင်းသား။ဝူဟောက် နာမည်ကို ခေါ်ပြီး အတန်ကြာမှ စကားစပြောပါတယ်။
"မင်း...ပထမနှစ် 'အက်စ်' အခန်းကိုသွားပြီး ငါ့အတွက် ကိစ္စတစ်ခုလုပ်ပေး"
"ဘာလုပ်ပေးရမလဲ ကျဲသခင်လေး ခင်ဗျ"
ရင်းရှောင်ကျဲ ဆီက ထွက်လာမယ့် စကားသံကို နားစွင့်ရင်း ဝူဟောက် က တရိုတသေ ပြန်ဖြေပါတယ်။
သူ့အမေးကြောင့် စိတ်ပျက်သွားဟန် ဝူဟောက် ကို နောက်ပြန်ဆွဲချလိုက်ပြီး အသံကိုနှိမ့်ကာ နား နားကပ်ပြောလိုက်ပါတယ်။
"အဲ့အခန်းကို သွားပြီး မုရှောင်ရှောင်း ရှိလား သွားကြည့်ခဲ့။ ပြီးရင် သူမအခြေအနေ ဘယ်လိုရှိလဲ ငါ့ကိုပြန်လာပြော။ မင်းအကြောင်း သူမ မရိပ်မိစေနဲ့ "
ကျဲသခင်လေး ဘာကြောင့်လုပ်ခိုင်းလဲဆိုတာ သူမသိပေမဲ့ ခေါင်းကို တဆတ်ဆတ်ညိတ်ကာ နာခံပြလိုက်ပါတယ်
"မြန်မြန်သွားလုပ်တော့"
ရင်းရှောင်ကျဲ က လက်ကိုခါပြကာ စိတ်သက်သာရာ ရသွားဟန် မျက်နှာက ကြည်လာပါတယ်။
"အခုချက်ချင်း သွားလုပ်လိုက်ပါမယ်!"
ပြောပြီးတာနဲ့ ဝူဟောက် က အတန်းထဲကနေ ပြေးထွက်သွားပါတယ်။အတန်းထဲကနေ သူပြေးထွက်သွားပြီး မကြာခင်မှာပဲ ပိုင်မေ့ကျောက် က သူ့ဆီ ဦးတည်ပြီး လာတာကို တွေ့လိုက်ပါတယ်။
ပိုင်မေ့ကျောက် က ပထမနှစ် ရဲ့ကျောင်းသားသစ်တွေထဲမှာ အလှဆုံး လို့ သတ်မှတ်ခံထားရတဲ့ မိန်းကလေးပါ။
ပြီးတော့ သူမ က ကျဲသခင်လေးရဲ့ လက်ရှိ ရည်းစားလေ။
أنت تقرأ
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
عاطفيةသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...