Unicode
မတွေ့ရအောင် ဘယ်ပျောက်သွားတာလဲ?
သူ့ခံစားချက်တွေ မကောင်းတာ အံ့ဩစရာတော့မရှိ။
မသိစိတ်ကအတိအကျကို အသိပေးနေသည်ပဲလေ။ဒါပေမဲ့ ဒီကောင်မလေးကဘယ်ရောက်သွားတာတုန်း?
ငိုယိုပြီး ထွက်သွားတဲ့ သူမမျက်နှာလေးကို ပြန်မြင်မိတော့ စိတ်မောသွားပြန်ပါတယ်။
ဝူဟောက် မျက်နှာကလည်း ရှုံ့မဲ့သွားပါတယ်။
"ကျွန်တော်လည်း သေ-သေချာမသိ..."သူ့အတွင်းစိတ်မှာတော့ ဝေခွဲမရဖြစ်နေပါပြီ။
သူတို့နှစ်ယောက် ရဲ့ပတ်သက်မှုက ဘယ်လိုမျိုးမို့လို့ ကျဲသခင်လေး က ဒီကောင်မလေးကို အဲ့လောက်တောင် ဂရုစိုက်နေရတာလဲ?ရင်းရှောင်ကျဲ မတ်တပ်ထရပ်လိုက်ပြီး
"သွားမယ်! ကျောင်းတစ်ကျောင်းလုံးကို မြေလှန်ပစ်ရရင်တောင် မုရှောင်ရှောင်း ကိုတွေ့အောင်ရှာရမယ်!"ဝူဟောက် တစ်ယောက် နဖူးမှာတောင် ချွေးတွေပြန်လာပါတယ်။
ဒီမိန်းကလေးက ကျဲသခင်လေး ကို ဘယ်လိုများရန်သွားစမိတာလဲ?
ကျဲသခင်လေး ဒီလောက်ထိဒေါသထွက်တာကို ခုမှမြင်ဖူးတာလေ။သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေတဲ့ အတန်းဖော်တွေအကုန်လုံးကလည်း ထပ်တူညီတဲ့ မေးခွန်းကိုပဲ တွေးနေကြတာပါ။
ကျဲသခင်လေး က ဘယ်သူ့ကို ရှာချင်နေတာလဲ?
ဒါပေမဲ့လည်း မေးဖို့နေနေသာသာ ဘယ်သူမှ အသံမထွက်ရဲကြပါဘူး။
အခုချိန်မှာ ကျဲသခင်လေး ကိုယ်က သွားထိတဲ့သူပြာကျစေလောက်တဲ့ အော်ရာ တွေထွက်နေတာ ဘယ်သူက သွားနှောင့်ယှက်ရဲမှာလဲ?ကျဲသခင်လေး ထွက်သွားတာနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တီးတိုးဆွေးနွေးကြသံတွေ အတန်းထဲဝယ် ဟိုတစ်စဒီတစ်စ ထွက်ပေါ်လာပါတယ်။
"မင်းမြင်လား? ကျဲသခင်လေး မျက်နှာကြီးက မည်းမှောင်သွားတာပဲ! သူဒီလောက်ဒေါသထွက်တာမျိုး ငါတော့ တစ်ခါမှ မမြင်ဖူးဘူး? ဘယ်သူက သူ့ဒေါသကိုသွားဆွမိတာလဲ?"
"ငါလည်း အဲ့လိုပဲ ထင်တယ်!"
"သူမတော့ သေပြီပဲ! ကျဲသခင်လေး ဒေါသထွက်ရင် ကြောက်ဖို့ကောင်းလိုက်တာ"
ŞİMDİ OKUDUĞUN
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romantizmသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...