Unicode
သူ ပထမဆုံးခေါ်လာတဲ့ မိန်းကလေး
လုရိချန်း က ခေါင်းညိတ်ပြလိုက်ပြီး
"ဒါပေါ့...ဒါနဲ့ မင်းက ဘိုးလင်း ဘယ်လိုကစားရမလဲ သိတယ်ပေါ့? "
ဒ
ါက ပုံမှန်ဖြစ်နေကြမဟုတ်လို့ သူကိုယ်တိုင်တောင် အနည်းငယ် အံ့အားသင့်သွားပါတယ်။
များသောအားဖြင့် ဘိုးလင်း ကိုကြိုက်ကြတာ ယောက်ျလေးတွေပါပဲ။ဘိုးလင်း ကို သဘောကျတဲ့ မိန်းကလေး ဆိုတာ လက်တစ်ဆုပ်စာလောက်ပဲ ရှိတာလေ။
ဘယ်လိုကစားရမလဲ သိတဲ့မိန်းကလေးဆို ပိုလို့တောင် ရှားပါသေးတယ်။မုရှောင်ရှောင်း ကသဘောကျသွားသလို မထီမဲ့မြင် ပြုံးပြလိုက်ပြီး
"ဒါပေါ့! ကျွန်မ က ဘိုးလင်းဘုရင်မ ပဲ!"
အမေရိက မှာတော့ ဘိုးလင်း ကစားခြင်းက အတော်လေး လူသိများတယ်လေ။
သူမကိုယ်တိုင် အဲ့မှာ သုံးလေးနှစ်လောက် အလယ်တန်းထိတက်ခဲ့ရတော့ သူငယ်ချင်းတွေနဲ့တူတူ မရေမတွက်နိုင်အောင် ဘိုးလင်းသွားကစားခဲ့ဖူးပါတယ်။
သူမကိုယ်တိုင်က အရှုံးမပေးတတ်တဲ့ စိတ်ရှိသူမို့ ဘိုးလင်းကစားနည်းကို သေချာလေ့ကျင့်ထားပါတယ်။လုရိချန်း က သူမရဲ့ချစ်စဖွယ်အမူအရာကြောင့် အူယားသွားပါတယ်။
အရင်တုန်းကနဲ့ မတူဘဲ ဒီနေ့တစ်နေ့ တည်းတင် သူမကြာခဏ ရယ်ခဲ့မိမှန်း သတိထားမိသွားတာနဲ့ လုရိချန်း တစ်ယောက် နှလုံးခုန်သံတွေမြန်လာပါတယ်။
လုရိချန်း က သူမကို ခေါ်ကာ ဟိုသည် လှည့်လည်ပြပြီးတော့ သူမအတွက် ဘိုးလင်းပစ်မယ့် နေရာကောင်းကောင်းလေး ရွေးပေးလိုက်ပါတယ်။
"ဘာသောက်ချင်သေးလဲ? ဒီမှာစားစရာတွေလည်း ရောင်းတယ်"မုရှောင်ရှောင်း က ခဏလေးအနားယူဖို့ အနားက ခုံတစ်ခုမှာ ထိုင်ချလိုက်ပေမဲ့ သူမ အိတ်ကပ်ထဲက ဖုန်းက ထမြည်လာပါတယ်။
ရင်းရှောင်ကျဲ ပဲနေမယ် လို့တွေးမိတာနဲ့ ဖုန်းကို ယူထုတ်လိုက်ပါတယ်။
STAI LEGGENDO
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Storie d'amoreသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...