Unicode
သူမကို ကောင်းကောင်း ဂရုစိုက်သင့်တယ်
ဒီကောင်မလေးကို လှည့်စားဖို့က တကယ်မလွယ်ဖူးပဲ။
သူတို့နှစ်ယောက်က တစ်နာရီကျော်လောက်ကစားပြီးချိန်မှာတော့ မုရှောင်ရှောင်း က ပင်ပန်းလာတာကြောင့် ဘေးမှာထိုင်ပြီးပဲ လုရိချန်း ကစားတာကို ကြည့်နေပါတော့တယ်။
ထို့နောက် အကြံတစ်ခုရလာတာနဲ့ အကိုဟွေ့ ရှိနေတဲ့ ကောင်တာ ကိုပြေးသွားပြီး ပြုံးကာ ပြောလိုက်ပါတယ်။
"အကိုဟွေ့! ညီမမှာ မေးစရာလေးတစ်ခုရှိလို့!"
"ဘာများလဲ?"
အကိုဟွေ့ကလည်း ပြုံးကာ ပြန်မေးလိုက်ပါတယ်။မုရှောင်ရှောင်း က ရှေ့ကိုနည်းနည်းတိုးလိုက်ကာ သူတို့နှစ်ဦးတည်း ကြားလောက်မယ့်အသံနဲ့ ဆွေးနွေးလိုက်ပါတယ်။
ပြီးတာနဲ့ လုရိချန်း ဘေးနားကို ပြန်လာခဲ့ပါတယ်။
လုရိချန်း က သူမကိုကြည့်ပြီး
"ပင်ပန်းနေပြီလား? ဒါမှမဟုတ် ဆက်ကစားချင်သေးလား?"မုရှောင်ရှောင်း က green tea ခွက်ကို သူ့ကို ကမ်းပေးရင်း ခေါင်းခါပြလိုက်ပါတယ်။
"ဒါကြီးတော့ မကစားချင်တော့ဖူး။ တခြားဟာ ပြောင်းကစားကြမယ်လေ""ဘာကစားချင်လို့လဲ?"
သူမ ဘာလုပ်လုပ် လိုက်လျောပေးချင်တဲ့ အသံနဲ့ မေးလိုက်ပါတယ်။မုရှောင်ရှောင်း ကလည်း ခဏလောက်ရယ်ပြီး ပြောလိုက်ပါတယ်
"အလုပ် လုပ်ကြမယ်လေ!"လုရိချန်း က သူမကို ဝေခွဲမရဟန် ငေးကြည့်နေပါတယ်။
တကယ်တမ်းကျ သူမတို့ ကစားထားတဲ့ အခကြေးငွေအတွက် ဒီနေရာကို နောက်ထပ် ကစားမယ့်သူတွေ ရောက်လာအောင် ခေါ်ပေးမယ်ဆိုပြီး သူမ က အကိုဟွေ့ ကို သွားတောင်းဆိုခဲ့တာပါ။
လုရိချန်း လို လူတစ်ယောက် စိတ်နဲ့ဆို ဒီကစားတဲ့ bill ကို သူပဲ ရှင်းပေးမှာပါ။
ဒါပေမဲ့ ဒါက တော်တော်လေး ဈေးများတယ်လေ။
တစ်နာရီကို ယွမ် ၂၀၀ လောက်ဆို ၅၀% လျှော့ပေးမယ်ဆိုရင်တောင် ယွမ် ၁၀၀ လောက်ကျမှာပါ။
(Note - ယွမ် ၁၀၀ ကို မြန်မာ ငွေ နှစ်သောင်းကျော်ရှိတာမို့ ပုံမှန်ဈေးနဲ့သာဆို တစ်နာရီကို မြန်မာ ငွေလေးသောင်းလောက် ပေးရမှာပါ။)
ВЫ ЧИТАЕТЕ
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Любовные романыသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...