(၁)

28.6K 1.1K 7
                                    

Unicode

ဒီကောင်ဘယ်ရောက်နေတာတုန်း!?

အဝတ်အိတ်အကြီးကြီးကိုဆွဲလာတဲ့ မုရှောင်ရှောင်း တစ်ယောက် တံခါးအပြင်ဘက်မှာရပ်ရင်းတံခါးကိုဖွင့်ဖို့ကြိုးစားလိုက်ချိန်...

"နေပါဦး...ဒီတံခါးက လက်ဗွေရာနဲ့မှဖွင့်လို့ရတဲ့တံခါးပဲ!"

စဉ်းစားမနေတော့ပဲ သူမလက်ကိုစက်ပေါ်ချက်ချင်းတင်လိုက်‌တယ်။

"ပီ....!!!" လို့မြည်ပြီးတံခါးပွင့်လာမယ်လို့မျှော်လင့်နေပေမဲ့ တံခါးကတော့ ပွင့်မယ့်အရိပ်အ‌ယောင်တောင်မရှိဘူးလေ!။

သူမ ခဏကြောင်သွားတယ်။
"ဘာဖြစ်နေတာတုန်းဟ!"

တံခါးကို တချက်ဆောင့်ကန်လိုက်တာတောင် မပွင့်သွားဖူး။
ဝေခွဲမရဖြစ်နေရာကနေ မထူးတော့တာကြောင့် ဘဲလ်ပဲတီးလိုက်ရတယ်။ စောင့်ရတာ စိတ်မရှည်တော့တာနဲ့ အသံကျယ်ကြီးနဲ့အော်ချလိုက်တယ်။

"ရင်းရှောင်ကျဲ...မြန်မြန်...တံခါးလာဖွင့်စမ်းးးး!"

ဒါပေမဲ့ အိမ်ထဲမှာလူရှိနေရင်တောင် အသံလုံတဲ့ ကွန်ဒိုဖြစ်တာကြောင့် အထဲကလူက သူမအသံကို ကြားနိုင်စရာအကြောင်းမရှိဖူးလေ။

စိတ်ဆိုးလွန်းလို့ သူမရဲ့မျက်နှာကြီးတစ်ခုလုံးရှုံမဲ့လာပါတော့တယ်။

"အဲ့ခွေးကောင် အိမ်မှာမရှိဖူးလား...!"
"....၁၁နာရီတောင်ထိုးနေပြီဟာကို"

အရမ်းနောက်ကျနေတာတောင် အိမ်ပြန်မလာသေးတာထောက်တော့ ဒီကောင်စုတ်လျှောက်သဝေထိုးနေတာပဲဖြစ်ရမယ်!

"ဟမ့်....မုန်းစရာကောင်းလိုက်တဲ့ ရင်းရှောင်ကျဲ"

တခြားလုပ်စရာနည်းလမ်းလဲမရှိတော့ ရင်းရှောင်ကျဲရဲ့အမေဆီကိုပဲ ဖုန်းခေါ်ရပါတော့တယ်။

ဖုန်းဝင်သွားတာနဲ့ သူမတရစပ်မေးပါတော့တယ်။

"ရင်းမာမား... သမီးလက်ဗွေရာကို စက်မှာမထည့်ထားဖူးလား...အခုတံခါးဖွင့်လို့မရဖူးရယ်....ဟိုကောင်စုတ် ရင်းရှောင်ကျဲကလည်းအိမ်မှာမရှိဖူးလေ..."

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora