Unicode
သူ့မှာ ချစ်သူရှိပြီးသားတဲ့
မုရှောင်ရှောင်း စိတ်တွေက သူ့ရဲ့ အသံချိုချိုလေးမှာ စီးမြောလို့နေပါတယ်။
ဒီလောက်ခန့်ညားတဲ့အမျိုးသားကို သူမရှေ့တည့်တည့်မှာ မြင်နေရတာကို စိတ်မလှုပ်ရှားဖူး ပြောရင် လိမ်ရာကျနေပါလိမ့်မယ်။ ဒါက ရှောင်လွှဲရတော်တော်ခက်တဲ့ ကိစ္စကြီးပဲ။အချိန်တိုင်းလိုလို အချစ်ရူးထနေတတ်တဲ့ မိန်းကလေး တစ်ယောက်မဟုတ်လို့ သူမအဖို့တော့ ဒီလောက်က လက်ခံလို့ရပါသေးတယ်။
"ဟိုဟာလေ...ဒီစတော်ဘယ်ရီကိတ်က နောက်ဆုံးတစ်ခုပဲတဲ့။ ဒီက အရမ်းစားချင်နေလို့ တို့ကို ပေးလို့မရဖူးလားဟင်? လုပ်ပါ...ကျေးဇူးပြုပြီး...အွန်?!"
မုရှောင်ရှောင်း ကသူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အမူအရာပိုပိုသာသာ လေး လုပ်ပြနေပါတယ်။
ရင်းရှောင်ကျဲ သာဒီမှာရှိပြီး သူမ အခုပုံကိုသာမြင်သွားရင် လက်မခံနိုင်ဘဲ မျက်စိတွေပါ လည်သွားမှာ အသေအချာကိုပါပဲ။
လုရိချန်း ကတော့ မည်သို့မျှမနေဘဲ တောင်းပန်သံစွက်ကာ
"ကျွန်တော် တောင်းပန်ပါတယ်။ ဒါက တခြားတစ်ယောက်အတွက် ဝယ်လာတာမို့လို့လေ...ပေးလို့မရဘူးဖြစ်နေတယ်ဗျ"လေလျှော့ခံလိုက်ရတဲ့ ပူစီဖောင်းလိုမယပါပဲ...
မုရှောင်ရှောင်း မျက်နှာလေးကလည်း ချက်ချင်းကို အိုကျသွားပါတယ်။သူ့ကောင်မလေးဖို့ လာဝယ်တာနဲ့ တူတယ်။
ချစ်သူဖို့ မနက်စာပါဝယ်ပေးတဲ့အထိ စဉ်းစားပေးတတ်တဲ့ကောင်လေးမျိုး...အားးး...ခုခေတ်မှာ ဒီလို boyfriend material မျိုးက တော်တော်ကြီးကို ရှားနေပါပြီ။
သူမတောင်းဆိုတာ အငြင်းခံလိုက်ရပေမဲ့လည်း ရင်ထဲမှာတော့ ဒီအမျိုးသားလေးအတွက် ထပ်တိုးမှတ်တွေ တိုးပြီးရင်း တိုးပေးနေမိပါပြီ
"ကောင်းပါပြီ...ရှင့်ကိုခက်ခဲအောင်မလုပ်တော့ပါဖူး။ ကျွန်မဟာကျွန်မပဲ တခြားတစ်ခုခုသွားရွေးလိုက်တော့မယ်။"
ČTEŠ
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...