(၂၄)

7.5K 694 10
                                    

Unicode

ထူးဆန်းလွန်းတဲ့ သူ့ရည်းစား


ယွီကျဲ ကမျက်လုံးအစုံပါ အပြင်ကို ပြူးထွက်လာတော့မည့်နှယ် အံ့ဩကာရှော့ခ်ရသွားပါတော့တယ်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? သူ့ရဲ့ ထူးဆန်းလွန်းတဲ့ လျှို့ဝှက်ချစ်သူ ဆိုတာ တကယ်ကြီးပဲ နင်လား?"

"အဲ့တော့ သူက တကယ်ကို ကောင်မလေး ရှိနေတာပေါ့...!"

ရှောင်ရှောင်း စိတ်မပျက်ဘဲ မနေနိုင်တော့ပါဖူး။
ဒါက...
ဘယ်လောက် နှမြောဖို့ကောင်းလိုက်လဲ?

ယွီကျဲ ကနားပါးတဲ့အတွက် သူမရေရွတ်တာကို ကြားလိုက်ပါတယ်။

"နင်အခုဘာပြောလိုက်တာလဲ? အဲ့တော့ နင်က သူ့ကောင်မလေး မဟုတ်ဖူးပေါ့"

"ငါကနင့်ကို စနေရုံလေးပါ။ ဒါလေးကိုတောင် ခွဲခြားပြီး မသိရင် နောက်ကျ ငါနဲ့ အတူတူလျှောက်သွားလို့ရပါ့မလား။ ကိုယ့်ဟာကိုလည်း ပြန်သုံးသပ်ကြည့်ဦး"

"Geez! အဲ့တော့ မင်းက ငါ့ကို လိမ်နေတာပေါ့။ ငါက မင်းကို တကယ် သူ့ကောင်မလေးထင်မိသွားတာ..."

ယွီကျဲ ကစိတ်ပျက်သွားကာ သူ့ကို ဝါးစားမတတ်ကြည့်နေပါတယ်။

နောက်ကျရင်လည်းယွီကျဲ က သူမအနားမှာပဲ ရှိနေမှာကိုတွေးမိတော့ သူ့ကို နည်းနည်းတော့ သင်ပြပေးသင့်တယ်ထင်တာနဲ့ ပြန်ပြောလိုက်ပါတယ်။

"နောက်ကျလို့ နင်ငါ့နားမှာပဲနေမယ်ဆိုရင် ငါက စ ‌နေတာလား...အတည်ပြောနေတာလား ဆိုတာ နားလည်အောင်လုပ်ထားမှဖြစ်မယ်...သိပြီလား?"

"

အိုကေ...သိပြီ"

ယွီကျဲ က ရုပ်သေကြီးနဲ့ ပြန်ဖြေပါတယ်။
ဒါပေမဲ့ ချက်ချင်းကိုပဲ သူမစကားကို ပြန်ချေပလာပါတယ်။

"နိုး! ငါက ဘာလို့သိထားရမှာလဲ?"

မုရှောင်ရှောင်း က ယွီကျဲ အမေးကို ဖြတ်ပြီး ခေါင်းစဉ်ကို လုရိချန်း ဘက်ပြန်ပြောင်းလိုက်ပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora