(၁၂)

10.1K 830 2
                                    

Unicode

မကြာခင်စေ့စပ်တော့မှာ!!!

ရုတ်ချည်းဆိုသလို သတိရသွားပြီး ကိုယ့်ခေါင်းကို လက်သီးဆုပ်လေးနဲ့ ထုနေရှာတဲ့ မုရှောင်ရှောင်း...။

"အိုင်းယိုး ငါမေ့နေတာ ! ပထမထပ်က လုံခြုံရေးခန်းမှာ အိတ်တွေအပ်ထားခဲ့တာ... အခုသွားပြန်ယူလိုက်မယ်..."

ပြောရင်းဆိုရင်း တံခါးပေါက်ထိရောက်သွားတဲ့ ကောင်မလေးကို အတင်းဖမ်းဆွဲလိုက်ရပါတယ်။

"မင်းသွားဖို့မလိုတော့ဖူး...သူတို့ကိုပဲ လာပို့ခိုင်းလိုက်တော့မယ်"

သူမရဲ့ အပေါ်ဝတ်‌အင်္ကျီကို တစ်ချက်ကြည့်ပြီး မှင်သေသွားရှာပါတယ်။

"မင်း...တစ်နေ့လုံး ဒီပုံစံနဲ့လျှောက်သွားနေတာလား?"

မုရှောင်ရှောင်းလည်း ခေါင်းကိုရမ်းပြီး
"မဟုတ်ဖူးလေ...ပြန်ရောက်ရောက်ချင်းတုန်းက jacket ပါသေးတယ်အရမ်းပူတော့ သည်းမခံနိုင်တော့တာနဲ့ ချွတ်ပစ်ခဲ့တာ"

သူမအပြောကိုကြားပြီးမှပဲ စိတ်သက်သာရာရသွားရှာပါတယ်။

"ဒီမှာနေရင် ဒီလိုမျိုး ထပ်မဝတ်နဲ့တော့ ဒါက နည်းနည်း ရိုင်းရာကျနေတယ်"

မုရှောင်ရှောင်းက နှာခေါင်းကိုရှုံ့ပြီး
"ဒါက ရိုင်းတယ်ဟုတ်လား? ရိုင်းတယ်ဆိုတာ ဘာလည်းရော နင်က သိလို့လား ဟွန့်"

"ဒီနိုင်ငံက လူတွေက ရှေးရိုးစွဲတွေရှိကြတယ်ပြောတာ...ဒါကို မသိဖူးလို့တော့ လာမငြင်းနဲ့"

အဲ့အပြင်ကို သူမလို ခန္ဓာကိုယ်ဖွံ့ထွားတဲ့ မိန်းမပျိုလေးတစ်ယောက်က ဒီလိုဝတ်ဆင်တာဟာ အန္တရာယ်ကို လက်ယပ်ခေါ်နေသလိုပါပဲ။

ကိုယ့်နဖူးကို ပြန်ရိုက်ပြီး ဒါက ကိုယ့်ကိစ္စလည်း မဟုတ်ပါဘဲ သူဘာလို့ ဝင်ပူနေရတာလဲ ဆိုပြီး ပြန်တွေးနေပါတယ်။

ပြန်စဉ်းစားကြည့်လိုက်တော့ သူမမှာ ဘာအန္တရာယ်ပဲ ဖြစ်လာဖြစ်လာ သူ့မိသားစုကတော့ မျက်နှာလွှဲခဲပစ်လုပ်နိုင်မှာမဟုတ်ပါဖူး...။
သူတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတုန်းပဲလေ...။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Where stories live. Discover now