(၂၁)

7.8K 733 26
                                    

Unicode

ရင်းရှောင်ကျဲ...မင်းမိန်းမ မင်းကိုလိုက်ရှာနေတယ်!


မုရှောင်ရှောင်း က အတန်းပြီးချိန်မှာတော့ ပျင်းရိရိရှိတာနဲ့ပဲ ရင်းရှောင်ကျဲ ဘယ်လိုနေနေလဲ ဆိုတာ သွားကြည့်ဖို့ ထွက်လာခဲ့ပါတယ်။

ဒုတိယနှစ်ရဲ့ စာသင်ဆောင်ကိုရောက်တော့ စဉ်းစားမနေတော့ပဲ 'အက်စ်' အခန်းကို တန်းရှာပါတော့တယ်။

ခုလေးတင် ယွီကျဲ လည်းပြောသွားတယ် ဆိုပေမဲ့ သူမက 'အက်စ်' အခန်းအကြောင်းသိနေပြီးသားပါ။

ရင်းရှောင်ကျဲ ရဲ့အဆင့်တွေက ဘယ်လိုရှိလဲမသိပေမဲ့လည်း တစ်ချိန်လုံး မိန်းကလေးတွေနဲ့ပျော်နေပုံထောက်ရင် အခြေအနေမကောင်းမှန်းတော့ ခန့်မှန်းလို့ရနေပါတယ်။

ဒါပေမဲ့လည်း...

င်းမိသားစု ဆိုတာ မြို့တော်ရဲ့ အထက်တန်းစားမိသားစုဖြစ်တဲ့အပြင် ခန့်မှန်းလို့မရအောင် ကြွယ်ဝတော့...
ပြောစရာကိုမလိုပါဖူး...ဒီကောင်က 'အက်စ်' အခန်းမှာပဲ ရှိနေမှာ!

ဒါ့အပြင်ကို ရင်းရှောင်ကျဲ ဆိုတာက မာနမိုးထိုးနေတဲ့ သကောင့်သားဆိုတော့ အကောင်းဆုံးအခန်းကိုပဲ ရွေးတက်မှာ အသေအချာပါပဲ။

ခဏလေးအတွင်းမှာပဲ မုရှောင်ရှောင်း က 'အက်စ်' အခန်းကို ရှာတွေ့သွားပြီး အထဲကို ချောင်းကြည့်လိုက်တော့ ရင်းရှောင်ကျဲ ကို တန်းတွေ့လိုက်ရပါတယ်။

တကယ်ကို...မျက်စိရှက်စရာမြင်ကွင်းတစ်ခုပါပဲ!

ူက ကောင်မလေးတစ်ယောက်ကို ‌လက်‌မောင်းကြားထဲထည့်ကာ ဖက်ထားပြီး စကားပြောနေ‌တယ်လေ။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူမတို့နှစ်ယောက်က စေ့စပ်ထားသေးတယ်လေ!

ည်းနည်းလေးသဝန်တိုမိတာကတော့ ပုံမှန်ပဲမဟုတ်လား?

မုရှောင်ရှောင်း က သဝန်တိုနေတဲ့ ကိုယ့်စိတ်ကိုဖြေဖို့ အကြောင်းပြချက်မျိုးစုံ လျှောက်စဉ်းစားနေပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Onde histórias criam vida. Descubra agora