(၃၉)

6.3K 608 13
                                    

Unicode

အဲ့လောက်ထိ ပျင်းတယ်ဟာ ဘာလုပ်ချင်လဲ?

"အဲ့လိုဆို မဆိုးပါဖူး"

မီးပွိုင့်က မီးနီနေတာနဲ့ပဲ သူမလေးဘက်ကို လှည့်ကြည့်ကာ ရှောင်ရှောင်းရဲ့ စိတ်အခြေအနေ ပြန်သာယာသွားပြီလားလို့ မှန်းကြည့်နေပါတယ်။

မထင်ပါနဲ့....

မုရှောင်ရှောင်း က ခုနက ပြောတာ သူမ မဟုတ်သလို သူ့ဘက်ကို ပြုံးပြုံးကြီး ပြန်လှည့်ကြည့်လာပြီး သူ့မျက်လုံးတည့်တည့်ကိုကြည့်ကာ သတိပေးစကား ပြောလာပါတယ်။

"အဲ့ဒါက ကိစ္စသေးသေးလေးတွေဆိုရင် ပြောတာလေ။ နင်ငါ့ကို တကယ်စိတ်တိုစေမယ့် ကိစ္စမျိုးလုပ်လာရင်တော့ ရင်းမာမား ကို ပြောဖြစ် မပြောဖြစ် ဆိုတာ အာမ မခံနိုင်ဖူး"

ဒီလိုခြိမ်းခြောက်ထားမှ ရင်းရှောင်ကျဲ ဆိုတဲ့ ငပွေကောင်က ဘာမှ လွန်လွန်ကြူးကြူး မလုပ်ရဲမှာ။

ဒီလိုအခွင့်အရေးကောင်းမျိုးကို သူမက ဘယ်လိုလုပ်လက်လွှတ်နိုင်ပါ့မလဲ?

နောက်ဆုံးတော့ ကျောင်းနားကို ရောက်လာပြီဖြစ်လို့ ကျောင်းရဲ့ ဂိတ်တံခါးအကြီးကြီးကိုတောင် ခပ်လှမ်းလှမ်းကနေ မြင်နေရပါပြီ။

မုရှောင်ရှောင်း က ကားပြင်ပက ပတ်ဝန်းကျင်ကို ပျင်းရိပျင်းတွဲ ဝေ့ဝဲကြည့်လိုက်ပြီး မနက်စာ ဘာစားရမလဲ စဉ်းစားနေပါတယ်။

အဲ့အချိန်မှာပဲ အရည်ရှည်ရှည် ခပ်ချောချော လူတစ်ယောက်က သူမ မြင်ကွင်း ထဲ ဝင်လာပါတယ်။

လုရိချန်း?

သူမ မနေ့က သွားခဲ့တဲ့ ကိတ်ဆိုင်ထဲကို ဝင်သွားတဲ့ လုရိချန်း ကို မြင်လိုက်တယ် ဆိုတာနဲ့ သဘောကျမှုတွေက မျက်ဝန်းထဲကနေ ပြည့်လျှံလို့လာပါတယ်။

မမီမှာစိုးတာနဲ့ ရင်းရှောင်ကျဲ ကို ကားအမြန် ထိုးရပ်ခိုင်းလိုက်ရပါတယ်။

ကားမြန်မြန်ရပ်ပေးဖို့ လက်နှစ်ဖက်ကို ‌ခါပြပြီး အလုပ်တွေရှုပ်နေရှာပါတယ်။

"ဘာလို့လဲ? ကျောင်းမှမရောက်သေးတဲ့ဟာ"

ရင်းရှောင်ကျဲ တစ်ယောက် ပြန်ပြီး မေးလိုက်ပေမဲ့လည်း  ကားကိုတော့ လမ်းဘေးမှာ ထိုးရပ်ပြီးသားဖြစ်နေပါပြီ ။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora