(၄၉)

6K 567 26
                                    

Unicode

သူမကိုပဲ အထူးတလည်ရှာဖွေ

ရှိုက်သံစွက်နေတဲ့ သူမအသံကို ကြားလိုက်တော့ လုရိချန်း မျက်မှောင်ကျုံ့ပြီး ပြန်မေးလိုက်တယ်။

"မင်း...ငိုနေတာလား?"

ရှောင်ရှောင်းလည်း သက်ပြင်းရှည်ကြီးချလိုက်ပြီး စိတ်တည်ငြိမ်သွားပြီဆိုတော့မှ မျက်ရည်တွေကိုသုတ်ကာ နေရာမှထရပ်လိုက်တယ်။

"ရှင်..."

လုရိချန်း တစ်ယောက် သူမကို အထူးတလည်လိုက်ရှာနေခဲ့တာလားဆိုတာ သူမသိချင်နေဆဲပါ...

သူ ဒီနားကို လမ်းကြုံလို့ ဖြတ်လာပြီး သူမငိုနေတာကို သတိထားမိ
ဒါက လုံးဝကြီးမဖြစ်နိုင်မှန်းသိ‌တာတောင် သူမ မျှော်လင့်နေမိဆဲပါ။

သူမ ဘာတွေးနေလဲ ဆိုတာ လုရိချန်းကလည်း ရိပ်မိသွားဟန်ပါ။

"ဒီတိုင်းပဲ ခန့်မှန်းကြည့်လိုက်တာပါ။ ဒါပေမဲ့ မင်းကိုကြည့်ရတာ ကျောင်းအုပ်ကြီးနဲ့လာတွေ့တာ ထင်တယ်။ ဘာဖြစ်ခဲ့လို့လဲ...မင်းအဆင်ပြေရင် ကိုယ့်ကို ပြောပြလို့ရပါတယ်"

သူက တည်ငြိမ်တဲ့အသံနဲ့ပဲ ပြောလိုကါတယ်။

လုရိချန်း ရဲ့အကြည့်တွေက မနက်ခင်းအစောပိုင်းတုန်းက အချိန်နဲ့ လားလားမှ မတူတော့ပါဖူး။

အေးစက်မှုတွေ ပျောက်ဆုံးပြီး သူမကိုတောင် စိုးရိမ်နေဟန် ပေါ်နေပါတယ်။

မုရှောင်ရှောင်း လည်း အံ့အားသင့်သွားပြီး ‌‌သူ့ကိုကြည့်ကာ မေးလိုက်ပါတယ်။

"ရှင်...မဟုတ်မှလွဲရော ကျွန်မကို လိုက်ရှာနေတာလား?"

"အင်း..."

လုရိချန်း ကလည်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်ပါတယ်။

မုရှောင်ရှောင်း လည်း အစောပိုင်းက ပြဿနာကို ပြန်သတိရသွားဟန် ခေါင်းကို ငုံ့ထားပြီး ပြန်တောင်းပန်လိုက်ပါတယ်။

"တောင်းပန်ပါတယ်...လုံခြုံရေး ဦးလေး ကို အလုပ်ပြန်ခန့်ဖို့ ကျောင်းအုပ်ကြီးဆီမှာ သွားတောင်းဆိုခဲ့ပေမဲ့ ကျွန်မ မအောင်မြင်ခဲ့ဖူး "

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Tempat cerita menjadi hidup. Temukan sekarang