(၄)

12.4K 953 4
                                    

Unicode

ကျဲသခင်လေးရဲ့ ချစ်သူအသစ်တဲ့လား?

"၄၈ ယွမ်အတွက် ဒါနဲ့ပဲပေးချေလိုက်ပေါ့...မင်းအတွက်မျှတပါတယ်"

မုရှောင်ရှောင်းက ကားသမားကိုစိုက်ကြည့်ရင်း စိတ်ထဲကနေ ကြိမ်းဝါးလိုက်တယ်...

"၄၈ ယွမ်...ဟုတ်လား? ခင်ဗျားဟာခင်ဗျားပဲ သွားသေလိုက်တော့..."

စိတ်ထဲကနေ ပြောရင်းနဲ့ပဲ ခုနထဲကဖွင့်ထားတဲ့ တက္ကစီတံခါးကနေ အပြင်ကြိလှမ်းထွက်လိုက်တယ်။ ကားသမားရဲ့ အော်ဟစ်သံတွေကို လျစ်လျူရှူပြီး ဘားထဲရောက်အောင် ပြေးပါတော့တယ်။

ဘားထဲမဝင်ခင်လေးမှာပဲ အပေါက်ဝက အစောင့်က တားတာကိုခံလိုက်ရတယ်။

"ဟေ့ကောင်မလေး...မင်း အသက်ရောပြည့်ရဲ့လား?"

"ကျွန်မ ရင်းရှောင်ကျဲကို လာရှာတာ"

ကားသမားက နီးလာပြီဖြစ်လို့ သူမစိတ်လှုပ်ရှားပြီး အော်ထည့်လိုက်မိတယ်။
အပေါက်က လုံခြုံရေးရဲ့ တားတာကို လျစ်လျူရှူပြီး သူ့လက်မောင်းအောက်ကနေ အထဲဝင်ဖို့ကြိုးစားလိုက်တယ်။

သူမက ကျဲသခင်လေးကိုလာရှာတာဆိုတဲ့ စကားကိုကြားပြီးနောက်မှာတော့ လုံခြုံရေးလဲ သူမကို မတား‌ရဲတော့ဘဲ အထဲဝင်ခွင့်ပေးလိုက်သည့်အပြင် အထဲလိုက်ဝင်မယ်လုပ်တဲ့ ကားသမားကိုတောင် သူမအတွက် တားထားပေးပါသေးတယ်။

"ခင်‌ဗျားဝင်လို့မရဖူး...!"

"ဘာလို့ငါက ဝင်လို့မရရမှာလဲ...ဟိုကောင်မလေးက ငါ့ကိုပိုက်ဆံမပေးရသေးဖူးလေ... ငါသူ့ကို သွားဖမ်းရဦးမယ်... ရှေ့ကအခုဖယ်!"

"ဟမ့်... ခင်ဗျားပိုက်ဆံယူသွားတော့ရော ကျုပ်ကဘာလုပ်ပေးရမှာလဲ... ဒီဘားမှာ လူချောတွေနဲ့အလှလေးတွေပဲလက်ခံတယ်...အဖိုးကြီး ခင်ဗျားက အသက်ကြီးလွန်းနေပြီ...ဒီဘားက ခင်ဗျားရှိနေသင့်တဲ့ နေရာမဟုတ်ဖူး...တစ်နေရာရာကိုသွားစမ်းပါ..."
—–---------------------

ဘားက တော်တော်ကိုကျယ်လွန်းတယ်။

သူမ ခဏလောက်ကြာအောင်လမ်းပျောက်နေတာကြောင့် အခန်း ၂၀၁ က ဘယ်မှာလဲဆိုတာကို လမ်းပြဖို့ တစ်ယောက်ယောက်တော့ လိုနေပါပြီ။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora