(၄၆)

5.9K 595 17
                                    

Unicode

ဒါတွေအကုန် သူလုပ်ခဲ့တာ!!!

"ကျွန်မ တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး"

အတွင်းရေးမှူးက ခေါင်းငုံ့ပြီး တောင်းပန်လိုက်တယ်။

ကျောင်းအုပ်ကြီး က လက်ပေါ်မေးတင်ပြီး နေ့လည်ခင်း တရေးတမောအိပ်နေရှာတာပါ။

"ဘန်း" ခနဲ တံခါးဖွင့်လိုက်သံကြောင့် ကျောင်းအုပ်ကြီးခမျာ လန့်သွားပြီး ခေါင်းအောက်က လက်ကို ဆတ်ခနဲရုတ်လိုက်ရာ စားပွဲနဲ့ခေါင်းနဲ့မိတ်ဆက်သံ ဒုန်းခနဲ....

နာနေတဲ့နဖူး ကို ပွတ်ရင်း တံခါးဖွင့်လာတဲ့ သူကို ဒေါသတကြီးအော်မို့ လုပ်လိုက်ပေမဲ့ ဝင်လာသူက မုရှောင်ရှောင်း မှန်း သိပြီးအချိန်မှာတော့ စိတ်ဆိုးနေတဲ့မျက်နှာဟာချက်ချင်းကိုပြုံးသွားပါတယ်။ [မချိပြုံးလေး နေမယ် 🤣]

"ကျောင်းသူမု ဘာကိစ္စရှိလို့လဲ။ လာလေ ခုံမှာလာထိုင်။ ဟေ့...ကျောင်းသူမု အတွက် ဖျော်ရည်တစ်ခုခုယူခဲ့ပေးပါဦး"

အတွင်းရေးမှူး အမျိုးသမီးကတော့ အံ့ဩလို့နေပါတယ်။ ကျဲသခင်လေးကလွဲရင် ဒီလို ကျောင်းအုပ်ကြီး အရေးပေးတာခံရတဲ့ သူကို တွေ့ရတာ ပထမဆုံးပါပဲ။

"အာ...‌ဟုတ်ကဲ့ ယူလာပါ့မယ်"

ကျောင်းအုပ်ကြီးက သူမကို ထွက်သွားဖို့ မျက်လုံးမဲ့အချက်ပြလိုက်မှပဲ သတိဝင်လာပြီး အခန်းထဲက အမြန်ထွက်သွားလိုက်ပါတယ်။

ကျောင်းအုပ်ကြီးက ‌မုရှောင်ရှောင်း ကို ခုံမှဝင်ထိုင်ဖို့ လက်အမူအရာနဲ့ပြလိုက်ပြီး လာရတဲ့အကြောင်းအရင်းကိုမေးပါတယ်။

မုရှောင်ရှောင်း ကတော့ ဒေါသထွက်နေတဲ့ဟန်က မျက်နှာမှာ အတိုင်းသားပေါ်နေဆဲဖြစ်ပြီး ထိုင်ဖို့ကိုလည်း ငြင်းပယ်လိုက်ပါတယ်။

အဲ့ဒီအစား ကျောင်းအုပ်ကြီးစားပွဲဆီ လျှောက်သွားပြီး သူမ လာရတဲ့ကိစ္စကို တရစပ်ပြောပါတော့တယ်။

"ဟိုနေ့က လုံခြုံရေးအစောင့်ကို ဘာလို့အလုပ်ဖြုတ်လိုက်ရတာလဲ အန်ကယ်? ကျွန်မကြောင့်လား? ရင်းရှောင်ကျဲက အဲ့လိုလုပ်ဖို့ပြောတာမှတ်လား?"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Où les histoires vivent. Découvrez maintenant