(၄၁)

6.3K 679 33
                                    

Unicode

သူမကို ငြင်းလိုက်တာ


"ဘာမှမဟုတ်ပါဖူး။ မြန်မြန်...သွားရအောင်။ ညီမ ဗိုက်တော်တော်ဆာနေပြီ!"

မုရှောင်ရှောင်း က သူ့ကို အတင်းဆွဲပြီး ခပ်သုတ်သုတ် သွားပါတော့တယ်။

မနက်စာရောင်းတဲ့ ဆိုင်ထဲရောက်တော့ လုရိချန်း ညွှန်းပေးတဲ့ ဖက်ထုပ်ပေါင်း တစ်ပွဲကို မှာယူလိုက်ပါတယ်။

စ်ကိုက်ကိုက်ကြည့်ပြီးတာနဲ့ သူမလေးရဲ့ မျက်လုံး‌ထဲမှာ သဘောကျမှုတွေနဲ့ပြည့်နှက်လာပါတယ်။

"ဒါက အရမ်းကောင်းတာပဲ! အကိုရော စားပါဦးလား? ညီမ က ခုနလေးတင်ကပဲ ကိတ်စားထားတာဆိုတော့ သိပ်မစားနိုင်တော့ဖူး"

"ဟင့်အင်း ..မဆာသေးဖူး"

လုရိချန်း က လက်ကာပြပြီး ငြင်းလိုက်ပါတယ်။

ရင်းရှောင်ကျဲ က ငြင်းဆန်စကားပြောတာတောင် ယဉ်ကျေးနေတုန်းပဲ လို့ တွေးမိတာကြောင့် သူမလည်း စိတ်မခုမိပါဖူး။

သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကိတ်ကို တစ်ချက်ကြည့်လိုက်ပြီး စပ်စုလိုချင်စိတ်ကို ဆက်မထိန်း‌နိုင်တော့ပါဖူး။

"ဒါနဲ့လေ အဲ့ကိတ်ကို ဝယ်ပြီး ဘာလို့မစားတာလဲဟင်? အကို့ကောင်မလေး အတွက်လား?"

လုရိချန်း က ခဏမျှ ငြိမ်သက်သွားပေမဲ့ ဘာစကားမှ ပြန်မပြောလာပါဖူး။
အဲ့ဒီအစား စကားလမ်းကြောင်းပြောင်းပြီးပဲ ဆက်ပြောလာပါတယ်။

"မင်းက စတော်ဘယ်ရီကိတ်ကို အရမ်းကြိုက်တာပဲလား? မင်းကိုကြည့်ရတာ စတော်ဘယ်ရီကိတ်နဲ့တောင် ချစ်ကျွမ်းဝင်နေသလိုပဲ"

မုရှောင်ရှောင်း ကလည်း အရိပ်အကဲနားလည်တဲ့ မိန်းကလေးဖြစ်တာကြောင့် သူမမေးတဲ့ မေးခွန်းကို သူမဖြေချင်လို့ စကားလမ်းကြောင်းလွှဲလိုက်မှန်း နားလည်ပါတယ်။

အဲ့ဒါကြောင့် ပြောဖို့ ဖိအားမပေးတော့ပဲ  ဒီကိတ်က သူ့ကောင်မလေး အတွက်ဝယ်လာတာလို့ပဲ ယူဆလိုက်ပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Onde histórias criam vida. Descubra agora