Unicode
ငါ့ကို ပစ်ထားခဲ့ရက်တယ်ပေါ့?!
"အားးးး!!! ငါ့ကို လန့်သေစေချင်နေတာလား!"
သူမ ရှေ့မှာ မျက်နှာကြီးတစ်ခု ဘွားခနဲပေါ်လာမယ်လို့ မထင်ထားတာကြောင့် ရုတ်တရက်ဆိုတော့ ရှော့ရသွားပါတယ်။
ရင်းရှောင်ကျဲ ရဲ့ မျက်နှာချောချောက သူမမျက်နှာနဲ့ စင်တီမီတာ အနည်းငယ်လောက်အကွာလေး ထိ ရောက်နေပြီလေ!
မုရှောင်ရှောင်း လည်း ချက်ချင်းကို မျက်လုံးပြူးသွားပြီး သူမမျက်နှာရှေ့က ရင်းရှောင်ကျဲ ကိုကျိန်ဆဲပါတော့တယ်။
"နင်ငါ့အိပ်နေတုန်း လာခိုးကြည့်နေတာမှတ်လား!!! ညတုန်းကကျ သူ့ကို လာမကြည့်နဲ့ပြောပြီး အခုကျ ခိုးကြောင်ခိုးဝှက်လုပ်နေတာ ဘယ်သူလဲ? ရင်းရှောင်ကျဲ တဏှာရူး နှာဘူးကောင်!!! နင်ငါ့ကို မဟုတ်တာ လုပ်ဖို့ကြံစည်နေတာမှတ်လား!"
ရင်းရှောင်ကျဲ ရင်ဘတ်ကို လက်ညှိုးတထိုးထိုးနဲ့ ဒေါကြီးမောကြီး ပြောနေပြန်ပါတယ်။
ရင်းရှောင်ကျဲ ကလည်း ချက်ချင်းပဲ သူမ လက်လေးကို ဖမ်းဆွဲလိုက်ပြီး မျက်မှောင်ကြုံ့ကာပြန်ကြည့်နေပါတယ်။
"သေချာကြည့်စမ်း...ဒီဘက်ခြမ်းက ငါ့နေရာလေ!!! မင်းပဲ ငါ့ကို အသားလာယူနေတာ !!!"
ရင်းရှောင်ကျဲ ကလည်း ခေသူမဟုတ်... တစ်ခွန်းမခံ ပြန်ပက်ပါတယ်။
ဒါပေမဲ့လည်း မနေ့ည က အဲ့ငတိမလေး သူ့ကို ဘာလာလုပ်လဲ ဆိုတာကိုတော့ ကြိမ်းသေပေါက် ထည့်မပြောဖူးပေါ့...။
မုရှောင်ရှောင်း ကတော့ သူ့ စကားကြောင့် ခေတ္တမင်သက်သွားပြီး ကုတင်ကိုပြန်ကြည့်မိတော့ တစ်ဖက်ခြမ်းက လုံးလုံးကြီးကို ကွက်လပ်ဖြစ်နေပြီး ရင်းရှောင်ကျဲ အပိုင်စားရထားတဲ့ ကုတင်တစ်ခြမ်းမှာ သူမတို့နှစ်ဦးလုံး ပူးကပ်ကြပ်ညပ်ပြီး ရှိနေတာကို တွေ့လိုက်ရပါတယ်။
ပိုပြီး ထူးဆန်းတာကတော့ သူမလေးက အဲ့အာလူးကောင်ကို ရေဘဝဲလိုမျိူး လက်နှစ်ဖက်နဲ့ အတင်းဖက်ပြီးကပ်နေတာပါပဲ...
ဒီအခြေအနေကိုကြည့်ရရင်တော့ ဘယ်သူက ဘယ်သူ့ကို အသားယူနေတာလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး သိသာနေပါပြီ...
VOCÊ ESTÁ LENDO
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...