(၁၈)

8.1K 705 6
                                    

Unicode

သူမနောက်ခံက အဲ့လောက် မရိုးရှင်းဖူး!!!

မုရှောင်ရှောင်း ကကျောင်းထဲရောက်လို့ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်ပေမဲ့ လူရယ်လို့မရှိဘဲ ပြောင်သလင်းခါနေပါတယ်။

သူတို့တွေအကုန် အတန်းထဲရာက်ကုန်ပြီဖြစ်မယ်။

ဒါနဲ့ လုရိချန်း ကိုပဲ
"အဲ့ဒါဆိုလည်း ရှင့်နောက်ဆက်မလိုက်တော့ဖူးနော်။ ကျောင်းအုပ်ကြီးရုံးခန်းကို အရင်သတင်းသွားလိုက်ဦးမယ်။ တကယ်လို့ ကျွန်မ အားတဲ့အချိန်တွေဆို ရှင့်ဆီလာပြီး ပျော်စရာကောင်းတာ တခုခုလုပ်ကြတာပေါ့...ဘိုင်းးးး"

ပြောပြီးတာနဲ့ တစ်ခါတည်း ကျောင်းရဲ့ စီမံခန့်ခွဲရေးဌာနအဆောက်အအုံကို တန်းပြေးပါတော့တယ်။

နောက်မှာကျန်နေခဲ့တဲ့ လုရိချန်း ကတော့ သူမလေးကိုလှမ်း ကြည့်ရင်း အတွေးများနေပါတယ်။

ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်က ကျောင်းအုပ်ကြီးဆီ သတင်းသွားပို့စရာ လိုလို့လား?

ဒီအချက်ကပဲ သူမရဲ့နောက်ခံက အဲဒီလောက်မရိုးရှင်းဖူးဆို ညွှန်ပြနေတယ်လေ။

ပုံမှန်အားဖြင့်ဆိုရင် ကျောင်းသားသစ်က စီမံခန့်ခွဲရေးဌာနက ဆရာမ တစ်ယောက်ယောက်ကို အကြောင်းကြားလိုက်ရုံနဲ့ ကိစ္စကပြီးပါတယ်။

သူတို့နှစ်ယောက်က နောက်လည်း ဆက်ပြီးတွေ့ဖို့တွေ ရှိသေးတာပဲ လို့စဉ်းစားမိတာနဲ့ ဖြစ်နိုင်ချေတွေ လိုက်တွေးနေတာကို ရပ်လိုက်ပြီး အတန်းဆီပဲ ဆက်လာခဲ့ပါတယ်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကျောင်းအုပ်ကြီးရုံးခန်းထဲတွင်...

ကျောင်းအုပ်ကြီးရဲ့ သူမအပေါ်သဘောထားက အတော်လေးကို ကောင်းမွန်ဟန်ရပါတယ်။

သူမကိုတံခါးပေါက်ဝမှာ တွေ့တယ်ဆိုတာနဲ့ အဆာပြေမုန့်တချို့ပြင်ပေးထားတဲ့အပြင် သစ်သီးလေးဘာလေး စားချင်လားတောင် မေးနေပါသေးတယ်။

သူမက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်ပြီးတဲ့အချိန်မှာပဲ ဘောင်အမည်းခတ်ထားတဲ့ မျက်မှန်နဲ့ မျက်နှာတင်းတင်း အမျိုးသမီးတစ်ယောက် အခန်းထဲဝင်လာပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)حيث تعيش القصص. اكتشف الآن