(၃၁)

7.5K 704 15
                                    

Unicode

သူမ က လုံးဝစိတ်မယိုင်တာတော့ မဟုတ်ဖူးမလား?

စေ့စပ်ပွဲပါတီမှာ ရင်းမိသားစုက ရင်းရှောင်ကျဲ နဲ့ မုရှောင်ရှောင်း ရဲ့ စေ့စပ်ထားမှုကို တရားဝင်ကြေညာခဲ့ပါတယ်။

သူတို့ နှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်တည်လာအောင် အချိန်တစ်ခုပေးတဲ့အနေနဲ့ မင်္ဂလာပွဲ‌ကိုတော့ ကာလတစ်ခုအထိ နောက်ဆုတ်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လည်း လက်ထပ်ဖို့ အသက်မှ မပြည့်သေးတာ။

ရင်းရှောင်ကျဲ က သက်ပြင်းလေးခိုးချလိုက်ပေမဲ့လည်း သတိပြုမိသွားတဲ့ ရင်းမာမားက ကြိမ်းပါတော့တယ်။

"ရှောင်ရှောင်း အသက်၁၈ နှစ်ပြည့်ရင် နိုင်ငံခြားသွားပြီး မင်းတို့နှစ်ယောက် လက်ထပ်ရမယ်။"

ရင်းရှောင်ကျဲ ကတော့ ပြောစရာမဲ့ကာ မျက်လုံးလေးကလယ်ကလယ် ဖြစ်နေရရှာပါတယ်။

မုရှောင်ရှောင်း က သူ့ကို သူမ ဘေး ဆွဲခေါ်လိုက်ပြီး မပျော်မရွှင်ပြောလာပါတယ်။

"နင် ငါ့ကို အဲ့လောက်တောင် လက်မထပ်ချင်ဖူးလား?"

ရင်းရှောင်ကျဲ ကလည်း ငါးခူပြုံး ပြုံးပြီး သူမလေးရဲ့ ပခုံးပေါ်လက်တင်ကာ သူ့အနား ဆွဲလိုက်ပါတယ်။

ပြီးမှ သူမလေးရဲ့ နား အနားကပ်ပြီး ပြောနေတာကြောင့် လေငွေ့နွေးနွေးတောင် သူမပါးကို လာရိုက်ခတ်နေပါတယ်။

"မုရှောင်ရှောင်း...မင်းငါ့ကို အရင်တည်းက ကြိတ်ကြိုက်နေတာလား? အဲ့ဒါကြောင့် ငါနဲ့ အဲ့လောက်လက်ထပ်ချင်နေတာပေါ့?"

သူတို့ ခန္ဓာကိုယ်ချင်း အရမ်းကပ်လွန်းနေတာကြောင့် မုရှောင်ရှောင်းရဲ့ နှလုံးကတော့ ပုံမှန်ထက် အခုန်မြန်နေပါတယ်။

ဒါပေမဲ့လည်း သူ့ပြောစကားတွေကြားအပြီးမှာတော့ သူမရဲ့ နဂါးမျက်စောင်းတစ်စုံက ရင်းရှောင်ကျဲ ဆီ တိုက်ရိုက် သက်ရောက်လို့လာပါတယ်။

သူ့ခေါင်းကို ဘေးကို တွန်းဖယ်လိုက်ပြီး အမြန်ပြောလိုက်ပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Nơi câu chuyện tồn tại. Hãy khám phá bây giờ