(၃၆)

6.7K 655 13
                                    

Unicode

ညကျမှ ငါ့ကို လာခိုးမကြည့်နဲ့!

မုရှောင်ရှောင်း ကလည်း ခေါင်းတဆန်ဆတ်ညိတ်ပြီး

"ဟုတ်တယ်လေ...ငါလည်းသိသားပဲ အဲ့ဒါကြောင့် ငါတို့ကို အခုလက်ထပ်ခိုင်းနေတာပေါ့"

အဲ့ဒီအချိန်ကျမှပဲ ရင်းရှောင်ကျဲ က သူမကိုယ်လေးကို သူ့လက်မောင်းကြားထဲ ပိုက်ထားတယ်ဆိုတာ သတိထားမိသွားပါတယ်။
သူ့လက်တွေက သူမခါးလေးပေါ်မှာ နေရာယူထားတာမို့လို့ မသိရင် တကယ့်ချစ်သူတွေလိုပါပဲ။

ရင်းရှောင်ကျဲ ရင်ဘတ်ကို လက်နဲ့တွန်းထုတ်လိုက်ကာ
"ငါ့ကို လွှတ်တော့...သွား‌အိပ်တော့မယ်"

ရင်းရှောင်ကျဲ က သူမလေးကို ငိုတော့မလို မျက်လုံးနဲ့ သနားစရာ ကြည့်လာပြီး
"ရှောင်ရှောင်း...မင်းမှတ်မိသေးလား...ဟိုးပိစိလေးတုန်းက ငါတို့ တူတူအိပ်ခဲ့ကြတာကိုလေ?"

"မှတ်မိသားပဲ...အဲ့တော့ ဘာဖြစ်လဲ?"

ဒီကောင်စုတ် ကလေးဘဝက အကြောင်းတွေ ပြန်တူးဆွနေတည်းက တစ်ခုခုတော့ ပေါက်ကရ ပြောတော့မယ်ဆိုတာ သူမ ခံစားမိနေပါတယ်။

ရင်းရှောင်ကျဲ က ဆိုဖာပေါ် လက်တင်လိုက်ကာ ဝမ်းနည်းပူဆွေးနေဟန်အပြည့်နှင့်
"ဒီဆိုဖာက သက်သောင့်သက်သာ ရှိတယ်ဆိုပေမဲ့ အိပ်ဖို့တော့ အဆင်မပြေဖူးလေကွာ...သိလား? မင်းက ငါ့ကို အိပ်မပျော်တဲ့ရောဂါ ရစေချင်နေတာလား။ ဒီလိုနဲ့ နက်ဖြန် အတန်းမတက်နိုင်ရင် ဘယ်လိုလုပ်မလဲ?"

မုရှောင်ရှောင်း ကတော့ ရင်းရှောင်ကျဲ ဖြစ်ပျက်နေဟန်ကို အသေးစိတ်ကြည့်ကာ ဒီကောင်တော့ ငါ့ကို သနားစိတ်ဝင်အောင် တမင် လာလုပ်နေတာလား ဟု သံသယတွေ ဖြစ်နေပါတယ်။

ပြီးတော့ ဆိုဖာကိုပြန်ကြည့်ပြီး တွေးမိပါတယ်။
ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး ဒီဆိုဖာပေါ်မှာပဲ အိပ်ရမယ်ဆိုရင် သူမကိုယ်တိုင်တောင် စိတ်ညစ်ညူးမိမှာပါ။
ဒါက ဘယ်လောက်သက်သောင့်သက်သာရှိတယ်ပြောပြော နေ့လည်နေ့ခင်း တရေးအိပ်ဖို့ အနားယူရုံပဲ သင့်တော်ပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Where stories live. Discover now