Unicode
သူပြောင်းလဲသွားခဲ့တာလား?
မိနစ် အနည်းငယ်ကြာတဲ့ အထိ စောင့်နေခဲ့တာတောင် လူသူအရိပ်အခြည်ရယ်လို့ မပေါ်လာခဲ့ပါဘူး။
ထိုခဏမှာပဲ မုရှောင်ရှောင်း ခမျာ ဝမ်းနည်းစိတ်ကို ခံစားမိလိုက်ပါတယ်။
အဲ့အရူးကောင် ရင်းရှောင်ကျဲ က သူမကို ထားခဲ့ပြီး အိမ်ပြန်သွားခဲ့တာတော့ မဟုတ်လောက်ဖူးမှတ်လား?အဲ့ဒီအချိန်မှာပဲ မနက်တုန်းက လာတွေ့တဲ့ လုံခြုံရေးအသစ်ကပဲ ရောက်လာပြီးတော့ ပြောလိုက်ပါတယ်။
"မင်္ဂလာပါ ကျောင်းသူလေး...ကျဲသခင်လေး ကို စောင့်နေတာများလား? သူက အတန်းမဆုံးခင်တည်းက ပြန်သွားပါပြီ"
ဒါကိုကြားတာနဲ့ မုရှောင်ရှောင်း မျက်နှာက မည်းမှောင်လာပါတယ်။
ဒီခွေးကောင်ကတော့!
သူမကို မစောင့်ပဲနဲ့ တစ်ယောက်တည်း ပြန်သွားတယ်ပေါ့!
သူပဲ လွန်လွန်ကြူးကြူးတွေ ပြောပြီး သူမကို စိတ်ဆိုးအောင် လုပ်ခဲ့တာလေ။ အဲ့ဒါတောင် သူက ခုထိ နောင်တမရသေးဘူးပေါ့?
သူမ ကို မတောင်းပန်ရင်တောင် လာချော့သင့်တာကို သူတကယ် မေ့သွားတာလား?မုရှောင်ရှောင်း က ဒီတစ်ကြိမ်တော့ တကယ်ကို ဝမ်းနည်းသွားခဲ့ပါတယ်။
အတိတ်က ရင်းရှောင်ကျဲ သာဆို သူမအပေါ် ဒါမျိုး လုပ်မှာ မဟုတ်ဖူးလေ။သူမသာ ဝမ်းနည်းသွားခဲ့တယ်ဆို ပြန်ချော့မယ့်နည်းလမ်းတစ်ခုကို သူ့ဦးနှောက်ကြီး ပေါက်ထွက်သွားလောက်တဲ့အထိ စဉ်းစားနေမှာပါ။
သူမရဲ့ နှလုံးသားလေးက ခုတော့ဖြင့် ဝမ်းနည်းမှု စိတ်ပျက်မှုတို့နှင့် ပြည့်နှက်လို့နေခဲ့ပါတယ်။
သူက ဒီလောက်တောင် ပြောင်းလဲသွားခဲ့တာလား?သူမကို လာကြိုဖို့ စောင့်ဆိုင်းနေခဲ့တဲ့ သူမကိုယ်သူမ အရူးတစ်ယောက်လို ခံစားလိုက်ရပါတယ်။
လုံးဝ ရူးခါနေတဲ့ အရူးမ ပဲ!
ဒါကို တွေးလိုက်မိတာနဲ့ ဒေါသပြန်ထွက်လာပါတယ်။
BẠN ĐANG ĐỌC
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Lãng mạnသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...