(၁၀)

10.6K 875 7
                                    

Unicode

ဘာလို့အင်္ကျီချွတ်ကြီးနဲ့လဲ?

"ဟေး...ရှောင်ရှောင်း...ထတော့ အိမ်ရောက်ပြီ။ မင်း အချီခံချင်လို့ အိပ်ချင်ယောင်ဆောင်နေမှန်း ကိုယ်မသိဖူး မထင်နဲ့နော်...အိပ်မက်ပဲမက်နေလိုက်တော့!!!"

သူပြောတာကိုတောင်မကြားဟန်ဆောင်ကာ ဆက်အိပ်နေတာတွေ့တော့ ပါးကို လက်လေးနဲ့ တို့ကြည့်လိုက်တယ်။

မုရှောင်ရှောင်းကတော့ နိုးမလာရုံတင်မကဘဲ ကလေးပေါက်စနလေးတွေလို သူ့ကိုချီဖို့ လက်နှစ်ဖက်ကိုမြှောက်ပြီးတောင် ကမ်းပေးနေပါသေးတယ်။

ရင်းရှောင်ကျဲ တစ်ယောက် ကြက်သေ သေသွားသည်။
ဒီကောင်မလေး တကယ်အိပ်ပျော်သွားတာလားဟ?

အချိန်ကို‌ကြည့်လိုက်တော့ ညသန်းခေါင်ကိုတောင် တော်တော်လွန်နေပြီလေ။ သူမှတ်မိသလောက်ဆိုရင် ဒီကောင်မလေးက ဒီနေ့မှ ပြန်ရောက်လာတာလေ။
၁၀ နာရီ ထက်မနည်းလေယာဉ်စီးခဲ့ရတာ သူမလေးခရီးပန်းနေလောက်ပါပြီ။

"ကျစ်စ်...ဒီကောင်မလေးအပေါ် ဘယ်ဘဝကများအကြွေးတင်နေခဲ့လဲမသိဖူး" ဟုရေရွတ်ကာ ကားထဲမှထွက်ပြီး သူမလေးရှိရာဘေးခုံဘက်သို့သွားကာ ကျောပေါ်မှာ ပွေ့ချီလိုက်ပါတယ်။

နှုတ်ခမ်းကြီးဆူပြီး မျက်နှာကို သူ့ကျောမှာကပ်ထားမယ့်ပုံကို လှည့်ကြည့်စရာမလိုပဲနဲ့တောင် သူခံစားမိနေတယ်လေ။
ဒါက...တကယ်ကိုပဲသက်သောင့်သက်သာရှိလွန်းနေတယ်။
သူမမျက်နှာကို သူ့ကျောနဲ့ပွတ်တိုက်နေရာကနေ ပြန်ပြီးအိပ်မောကျသွားပြန်ပါပြီ။

သူမလေးကိုကုန်းပိုးပြီး ဓာတ်လှေကားရှိရာ မသွားခင် ကားကို အဝေးကနေ လော့ခ်ချလိုက်ပါတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံပြီးကြည့်လို့ရတဲ့မြင်ကွင်းမျိုးကို သဘောကျတာကြောင့် ဒီကွန်ဒိုရဲ့အပေါ်ဆုံးအလွှာမှာနေဖို့ သူရွေးခဲ့တာလေ။

ညသန်းခေါင်ကိုရောက်နေပြီ မို့လို့ ဓာတ်လှေကားထဲမှာလည်း သူတို့နှစ်ယောက်သာ။

မုရှောင်ရှောင်းကတော့ သူ့ကျောပေါ်မှာ ဇိမ်ယူကာ အိပ်မောကျနေပြန်ပါပြီ။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Dove le storie prendono vita. Scoprilo ora