(၃၂)

7K 665 37
                                    

Unicode

တစ်ကုတင်တည်း အိပ်ရမယ်!?

"အဲ့ဒါက..."

ရင်းရှောင်ကျဲ က သူမကို ဆက် စ ဦးမယ် လုပ်ပေမဲ့လည်း စိတ်ထဲကနေ တစ်ယောက်ယောက်က ကြည့်နေတယ် ဆိုတဲ့ ခံစားချက်ကြီး ရနေတာကြောင့် ရပ်လိုက်ပြီး နှစ်ယောက်သား ဘေးဘီဝဲယာကို ပြန်ကြည့်လိုက်ပါတယ်။

ခန်းမ ထဲက လူအုပ်စုကြီးက မျိုးဆက်သစ်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းကို သဘောကျဟန် ဝိုင်းကြည့်ကာ ပြုံးနေကြပါတယ်။

ကောင်းရော...!

မုရှောင်ရှောင်း ကတော့ မျက်နှာကနေ အခိုးပါထွက်မတတ် ရှက်ရွံ့လာပါတယ်။

သူတို့နှစ်ယောက် လုံး စေ့စပ်ပွဲခန်းမထဲမှာ ရှိနေတုန်းပဲ ဆိုတာ မေ့သွားခဲ့ကြတာလေ...။

လူကြားထဲမှာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖျော်ဖြေပြနေသလိုပါပဲ...။

ဒါက ဆိုးရွားလိုက်တာ...!

သူမလေးက သူ့ကို အမြန်တွန်းထုတ်ပြီး အပေါ်ထပ်ကို ပြေးတက်သွားပါတယ်။

သူမ ထွက်သွားတာနဲ့ နောက်နားဆီက လူကြီးပိုင်း အုပ်စုရဲ့ သဘောကျ ရယ်မောသံတွေက ခန်းမကျယ်ကြီးကို လွှမ်းခြုံသွားခဲ့ပါတယ်...။
________________________________

"အဲ့ဒါ နင့်အပြစ်ပဲ... လူတွေအများကြီးရှိ‌နေတဲ့ဟာ ဘာလို့ ငါ့ကို နံရံကြားထဲ ချောင်ပိတ်မိနေအောင် လုပ်ရတာတုန်း?!!!!"

ကား‌ထဲရောက်တာနဲ့ မုရှောင်ရှောင်း က ရင်းရှောင်ကျဲ ကို အပြစ်တင်ပါတော့တယ်။

ခုနက အဖြစ်အပျက်မှာ သူ့လက်မောင်းကြားထဲ အဖက်ခံထားရတာကို ပြန်တွေးမိရင် အခုထိ ရှက်ရွံ့နေဆဲပါ။

ရင်းရှောင်ကျဲ ဆိုတာ အရင်က ဘယ်လောက်ပဲ အရေထူတယ်ဆိုဆို ခုနကလို အခြေအနေမျိုးကို ရောက်သွားခဲ့တာကိုတော့ သူကိုယ်တိုင်လည်း နောင်တရနေပါတယ်။

"ကောင်းပြီ... ပြီးသွားတာတွေ ပြန်ပြင်လို့ရတာလည်း မဟုတ်တော့တော့ အဲ့အကြောင်း ထပ်မစဉ်းစားနဲ့တော့...ဒါက စေ့စပ်ပွဲပါတီပဲ ငါတို့နှစ်ယောက် အဆင်ပြေနေတယ်ဆိုတာ မကောင်းတာမှ မရှိတာ"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Où les histoires vivent. Découvrez maintenant