(၅၀)

6K 563 35
                                    

Unicode

စိတ်လှုပ်ရှားစရာအတိ!

မုရှောင်ရှောင်း ရဲ့ မျက်ဝန်းတွေက လက်ခနဲ ဖြစ်သွားပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ခေါင်းကို မြန်မြန် ညိတ်လိုက်တယ်။

သူမ အတန်းထဲကိုလည်း ပြန်မသွားချင်သလို ရင်းရှောင်ကျဲ နဲ့လည်း မတွေ့ချင်သေးဖူးလေ။

"အဲ့ဒါဆို သွားကြမယ် လာ...မင်းကို အပြင်ခေါ်သွားပေးမယ်"

လုရိချန်း ကပြောပြီးတာနဲ့ နောက်လှည့်ပြီး ဆန့်ကျင်ဘက်ကို ဦးတည်က လျှောက်သွားပါတယ်။

မုရှောင်ရှောင်း လဲ ဝေခွဲမရဖြစ်သွားပါတယ်။
ဒါက ကျောင်းပေါက်ဝကို သွားတဲ့လမ်းမှ မဟုတ်တာပဲ။
သူမလည်း သိချင်တာကြောင့် ချက်ချင်းပြန်မေးလိုက်ပါတယ်။

"ကျွန်မတို့...ကျောင်းပေါက်ဝကနေ ပြန်ထွက်မှာ မဟုတ်ဖူးလား?"

"ကြိမ်းသေမဟုတ်ဖူးပေါ့။ အပေါက်ဝကို လုံခြုံရေးတွေ အဲ့လောက်တင်းကြပ်ထားတာ ပြန်ထွက်ဖို့ လွယ်မှာမဟုတ်ဖူး။"

ပြန်ဖြေပြီးတာနဲ့ အဝေးကနေ ဆရာတစ်ယောက်လမ်းလျှောက်လာတာ ရိပ်ခနဲမြင်လိုက်တာမို့ ရှောင်ရှောင်း လက်ကို ဆွဲလိုက်ပါတယ်။

မုရှောင်ရှောင်း က လှုပ်ရှားတာ ပိုနှေးနေတယ် ဆိုပေမဲ့ ဆရာဖြတ်သွားချိန်မှာတော့ ကော်ရီဒါ အနောက်နားမှာ အမြန် ပုန်းလိုက်နိုင်ပါတယ်။

ရင်တွေတဒုန်းဒုန်းခုန်နေတာမို့ အသံကို မနည်းထိန်းကာ လုရိချန်း ကို တိုးတိုးလေးကပ်ပြောလိုက်ပါတယ်။

"အဲ့ဒါ ညီမတို့အတန်းကို သင်တဲ့ဆရာလေ"

မိကာနီး သီသီကလေး လွတ်သွားတာမို့ သူမ ရင်တွေတုန်နေဆဲပါ။

ဒါပေမဲ့လည်း စိတ်လွတ်ကိုယ်လွတ် ရယ်ချလိုက်ပြီး "ဒါက အရမ်း စိတ်လှုပ်ရှားစရာကောင်းတာပဲလို့" လည်း အော်နေပါသေးတယ်။

လုရိချန်း က အကြည့်တွေကို အောက်နားဆီသို့ ပို့လိုက်တော့ သူမရဲ့လက်ကလေးကို ဆုပ်ကိုင်ထားဆဲဆိုတာ သတိပြုမိသွားပါတယ်။

ဘာမှမဖြစ်လိုက်သလို မသိမသာ ပြန်လွှတ်ချပေးလိုက်ပြီး
"အခု ဆက်သွားရအောင်...သတိလည်းထားဦး"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora