(၅၃)

4.7K 486 34
                                    

Unicode

မိန်းကလေးတစ်ယောက်ကို ဘယ်တုန်းကမှ မချော့ခဲ့ဖူးသူ

ဝူဟောက် သောက်စရာတွေ ဝယ်ပြီး ပြန်လာမယ့်အချိန်ကို သူမ တွက်ချက်နေပါတယ်။

ဒီအချိန်လောက်ဆို အတန်းပြန်စပြီပဲ။

"ပြောရရင် မရီး ဆီက စကားတစ်ခွန်း က သူများပြောတာ ဆယ်ခွန်းစာလောက်ကို အရေးကြီးတာပေါ့"

ဝူဟောက် က သူတာဝန်ကျေကြောင်းပြချင်သည့်ဟန် အပြောချိုချိုလေးတွေ ထပ်လောင်းပြော‌ပြန်တယ်။

"ကောင်းပြီ။ အခုသွားလို့ရပြီ။"

"ဟုတ်ကဲ့...ချက်ချင်းလုပ်လာခဲ့ပါ့မယ်!"

ဝူဟောက် က စတိုးဆိုင်ဆီ သွားတဲ့လမ်းဝယ် ခပ်လှမ်းလှမ်း ကိုရောက်သွားတာတွေ့မှ အကြည့်ကိုလွှဲကာ သူမရဲ့ သေးသွယ်တဲ့ခါးလေးကိုလှည့်လိုက်ပြီး ဒုတိယနှစ် 'အက်စ်' အခန်းရှိရာဆီ ဦးတည်လိုက်ပါတယ်။

"ကိုကိုရှောင်ကျဲ"

တံခါးဝ ရောက်တာနဲ့ ရင်းရှောင်ကျဲ ထိုင်နေတဲ့ဆီ ကနွဲ့ကလျ လျှောက်သွားပါတယ်။

ရင်းရှောင်ကျဲ ဘေးက ထိုင်ခုံကတော့ သူ့ဆီလာတဲ့ မိန်းကလေးများအတွက် သီးသန့်ဖယ်ထားတာမို့ အမြဲနေရာလွတ်နေတာများပါတယ်။

ပိုင်မေ့ကျောက် က ဘေးကခုံလွတ်မှာ ဝင်ထိုင်လက်ပြီး သူမရဲ့ လက်သွယ်သွယ်လေးတွေနဲ့ ရင်းရှောင်ကျဲ လက်မောင်းကို မှီတွယ်လိုက်ကာ တောက်တဲ့လိုကပ်ထားပါတယ်။

သူမက အချိန်အတော်ကြာစောင့်တာတောင် ရင်းရှောင်ကျဲ ဆီက ပြန်ပြောသံ တစ်စုံတစ်ရာ မကြားရပါဘူး။

"ကိုကိုရှောင်ကျဲ ဘာဖြစ်လို့လဲ? ဘယ်သူက အစ်ကို့ကို ‌‌ဒေါသထွက်အောင်လုပ်လိုက်တာလဲ?"

သူမ က စိတ်ပူနေတဲ့ မျက်နှာထားနဲ့ မေးလိုက်ပါတယ်။

နဂိုတည်းက စိတ်မကြည်တဲ့ ရင်းရှောင်ကျဲ မှာ ဘေးက တကျီကျီ လုပ်နေတဲ့ ‌ပိုင်မေ့ကျောက် ကြောင့် ပိုလို့ပင် စိတ်မသာမယာဖြစ်သွားရှာပါတယ်။

"မင်းက ဘာလို့ ဒီမှာ ရောက်နေရတာလဲ?"

သူ့ရဲ့ မူပိုင် အေးစက်စက်အသံနဲ့ပြန်မေးလိုက်ပါတယ်။
ပြောပြီးတာနဲ့ ကျောရိုးမဲ့သတ္တဝါတစ်‌ကောင်နှယ် သူ့ကိုယ်ပေါ် မှီတွယ်ကာ ကပ်ထားတဲ့ သူမကိုယ်ကြီးကို အဝေးတွန်းထုတ်လိုက်ပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Kde žijí příběhy. Začni objevovat