(၁၆)

8.4K 712 5
                                    

Unicode

သူငယ်ချင်း ဆက်ဆံရေးထက် နင့်မိန်းမတွေကိုပဲ ဦးစားပေးတော့မယ်ပေါ့!!!

ရင်းရှောင်ကျဲ နာမည်ကို ယူသုံးရမလား မသုံးရဘူးလား စဉ်းစားနေတဲ့အချိန်မှာပဲ သူမဘေးက လုရိချန်း ရဲ့စကားပြောသံကို ကြားလိုက်ရတယ်။

"ဒီမိန်းကလေးက တကယ်ပဲ ဒီနေ့မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ပါ။ အဲ့ဒါကြောင့်မို့ သူမမှာ ခုထိ ဖြတ်သန်းသွားလာခွင့် ကတ် မရှိသေးတာ။ သူမအခုပဲ ရုံးခန်းထဲကို သွားပြီး အကြောင်းကြားတော့မှာ ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်။ "

လုံခြုံရေးက သူ့ကိုတော့ မှတ်မိသွားဟန်ရပြီး
"ငါမင်းကို သိပါတယ်...လုရိချန်း မှတ်လား? ကောင်းပြီလေ...မင်းပြောလို့ ငါသူမကို ဝင်ခွင့်ပေးလိုက်ပါ့မယ်။"

လုရိချန်း က‌လည်း ခေါင်းကို အသာလေး ညိတ်ပြပြီး ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်တယ်။

မုရှောင်ရှောင်း ကတော့ ခုထိ မပျော်နိုင်ပါဖူး။ လုရိချန်း ရဲ့အကူအညီကို ကျေးဇူးတင်ပေမဲ့လည်း သူမအခုထိ လုံခြုံရေးရဲ့ သဘောထားကို မကြိုက်ဖူးလေ။ အဲ့လူက သူမကို သူခိုးကြမ်းပိုးမလေး တစ်ကောင်လို မြင်နေတာပါ။

သူမကိုယ်သူ‌မတော့ အမြဲ ချိုသာပြီး ချစ်ဖို့ကောင်းတယ် လို့ပဲ ထင်ခဲ့တာ။ ဘာလို့ ဒီလို သံသယဝင်စရာကောင်းတဲ့ လူလို့ အထင်မှားခံရတာလဲ။

"ကျေးဇူးပါ...ဒါပေမဲ့ ကျွန်မ ရှင့်အကူအညီကို မလိုအပ်ပါဖူး။ ကိုယ့်အားကိုယ်ကိုးပြီးပဲ ကျောင်းထဲဝင်ချင်တယ်။"

လုရိချန်း ကိုလှည့်ပြောပြီးတာနဲ့ ရင်းရှောင်ကျဲ ဆီဖုန်းလှမ်းဆက်လိုက်ပါတယ်။

ရင်းရှောင်ကျဲ ၏ပျင်းရိပျင်းတွဲအသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာပါတယ်။

"ဟယ်လို...ဘာကိစ္စလဲ?"

မုရှောင်ရှောင်း တစ်ယောက် ပါးစပ်ဖွင့်လိုက်တယ်ဆိုတာနဲ့ သူမ အထင်မှားခံရတာကို မခံမရပ်နိုင်ဖြစ်လွန်းလို့ ရင်းရှောင်ကျဲ ကို ပြန်တိုင်ပါတော့တယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)حيث تعيش القصص. اكتشف الآن