(၅)

12.6K 1K 20
                                    

Unicode

တကယ်ကြီးအလိုလိုက်ခံထားရတာ!

"ငါ့ကိုဒီလိုပြောရအောင် နင်ကဘာကောင်မမို့လဲ?!"

မကြေမချမ်းပြောလိုက်တဲ့ ဟန်ယွင်အာရဲ့အသံထွက်လာပါတယ်။

တွဲပြီးသိပ်မကြာသေးခင်မှာပဲ ရင်းရှောင်ကျဲဆီက လမ်းခွဲစကားကိုကြားခဲ့ရလို့ သူမအစောကြီးထဲက ဒေါသထွက်နေတာပါ။

လမ်းခွဲရတဲ့အကြောင်းပြချက်က အပေါ်ယံအကွက်တစ်ခုပါပဲ။
သူ့မှာ တကယ်ကိုကောင်မလေးအသစ်ရှိနေပြီဆိုတဲ့သတင်းတွေထွက်ထားတာ ရက်ပိုင်းပဲရှိသေးတာလေ။

သူမဟာ မုရှောင်ရှောင်းဆီမှာရုပ်ရည်ပိုင်းအရရော ခန္ဓာကိုယ်အချိုးအစားအရပါ ရှုံးနိမ့်ခဲ့ရုံတင်မကပါဖူး...

သူမရဲ့သိက္ခာပါပျက်စီးခဲ့ရပြီလေ...။

ဒီလိုလွယ်လွယ်နဲ့တော့ အလျှော့မပေးလိုက်နိုင်ပါဖူး။

ဘာပဲဖြစ်ဖြစ် သူမ ကိုယ့်သိက္ခာတော့ ပြန်ဆယ်ရဦးမယ်လေ!

မုရှောင်ရှောင်းကတော့ သူမရှေ့က အမျိုးသမီးနဲ့ အချင်းများဖို့ ရည်ရွယ်ချက်မရှိပါဖူး။ သူမအချိန်ကိုအလဟဿမဖြုန်းချင်တာကြောင့် ထိုအမျိုးသမီးဆင်တဲ့အကွက်ထဲအကျမခံတော့ဘဲ ရင်းရှောင်ကျဲကိုရှာဖို့ပဲ အာရုံထဲထည့်လိုက်ပါတော့တယ်။

ဘေးမှာရှိတဲ့ ရင်းရှောင်ကျဲရဲ့လက်ထောက်ကိုကြည့်ပြီး‌...

"အမျိုးသားသန့်စင်ခန်းက ဘယ်မှာလဲ...?ကျွန်မကိုခေါ်သွားပေးပါ"

"မင်း...တကယ်ပဲ အမျိုးသားသန့်စင်ခန်းကိုသွားမလို့လား?"

ရင်းရှောင်ကျဲရဲ့ လက်ထောက်ကတော့ရှော့ခ်ရသွားပါပြီ။

မုရှောင်ရှောင်းက စိတ်မရှည်တော့ပါဖူး။ သူမရဲ့မျက်ဝန်းနက်တွေနဲ့ သူ့ကိုစိုက်ကြည့်ပြီး...

"ရှင်ပဲပြောတာလေ...ရင်းရှောင်ကျဲက သန့်စင်ခန်းမှာဆို? အဲဒါကို ကျွန်မက အမျိုးသားသန့်စင်ခန်းမှာမရှာဘဲ အမျိုးသမီးသန့်စင်ခန်းမှာသွားရှာရမှာလား?"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Où les histoires vivent. Découvrez maintenant