(6)

12.3K 976 4
                                    

Unicode

"သူမက ဘာအခွင့်အရေး ရှိလို့လဲ?"
"ငါ အလိုလိုက်တာခံရမယ့်အခွင့်အရေး!"

သိသိသာသာကိုပဲ သူမလေးကို မတားတဲ့အပြင် သူ့ရင်ဘတ်ကို ထုနေတာကိုတောင် ရယ်ရွှင်ဖွယ်မျက်နှာထားနဲ့ စိုက်ကြည့်နေပါသေးတယ်။

ဒီမြင်ကွင်းကြောင့် အခန်းတွင်းက လူအကုန်လုံး ကြက်သေသေသွားပါတယ်။ သူတို့နှစ်ယောက်ကြားက ဖြစ်ပျက်သွားတာတွေကို ခုထိ ဘယ်သူမှ မယုံနိုင်ကြသေးပါဖူး။

တကယ်မြင်လိုက်တာရော ဟုတ်ရဲ့လားလို့တောင် တွေးသူက တွေးနေကြပါပြီ။

သူတို့ရှေ့ ရပ်နေတဲ့သူက ကျဲသခင်လေးမှ ဟုတ်ရဲ့လား? အရင်က လူတွေကို ဗိုလ်ကျနေကျ လူလေ...မဟုတ်ဖူးလား?

"ကောင်းပြီ...ကောင်းပြီ...မင်းအခု ဒါကိုရပ်ချင်ပြီလား?"

ပြောရင်းဆိုရင်း သူမလေးနားတိုးသွားပြီး ကိုယ်လေးကိုသူ့လက်မောင်းကြားထဲထည့်ကာ ချော့လိုက်ပါတယ်။

သူ့ရဲ့အရပ်ရှည်ရှည် အသွင်သဏ္ဌာန်နဲ့ ဆန့်ကျင်စွာပဲ သူမလေးရဲ့ ချစ်စရာကောင်းပြီး ကူကယ်ရာမဲ့နေတဲ့ ပုံလေးက အထင်းသားမြင်နေရပါတယ်။

ဒါပေမဲ့ ဒီကောင်မလေးက‌ ပျော်နေဟန်မပေါက်ပါဖူး။ အဲဒီအစား သူ့ပုံကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်နေပုံပါပဲ။

ရင်းရှောင်ကျဲက သူမရဲ့ ရှုပ်ပွနေတဲ့‌ဆံပင်တွေကို သေသေသပ်သပ်ဖြစ်အောင် လက်နဲ့ပြန်ရှင်းပေးနေပါတယ်။

စိတ်ထဲက မရေရာတာကြောင့် သူမလေးကို မေးလိုက်တယ်...

"ရှောင်ရှောင်း... အခုမင်းခေါင်းပေါ်က ဆံပင်က အမေရိကန်မှာခေတ်စားနေတဲ့ ခပ်ရှုပ်ရှုပ်စတိုင်လ်လား?"

ရင်းရှောင်ကျဲရဲ့ အမေးကို ကြားတာနဲ့ ဟန်ယွင်အာရှိရာကို လှည့်ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်ပါတယ်...

"အကြောင်းရင်းခံကတော့ နင်ပဲ...နင့်ကြောင့်...!!!"

"ကိုယ့်ကြောင့်?!"

ရင်းရှောင်ကျဲတစ်ယောက် စိတ်ရှုပ်သွားဟန်...

"ကိုယ်ဘာလုပ်မိလိုက်လို့လဲ...မင်းပြန်ရောက်တာ‌ကိုတောင် ခုလေးတင်မှသိတာလေကွာ"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Onde histórias criam vida. Descubra agora