(၅၁)

7K 584 74
                                    

Unicode

ကျောင်းပြေးတို့သိမှတ်ဖို့ နည်းလမ်းအသွယ်သွယ်

"အဟမ်း"

လုရိချန်း ရဲ့မျက်နှာက ရဲတက်သွားပြီး အေးစက်သွားတဲ့လေထုကို ချောင်းဟန့်သံတချက်နဲ့ဖြိုခွဲလိုက်ကာ အနောက်ကို ဖြည်းဖြည်းပြန်ဆုတ်လာပါတယ်။

"မင်း အဆင်ပြေရဲ့လား?"

မုရှောင်ရှောင်းက ခေါင်းညိတ်ပြလိုက်ပြီး "အင်း ပြေပါတယ်...အခုဘယ်သွားကြမလဲ?"

"မင်းသွားချင်တဲ့ တနေရာရာမရှိဖူးလား?"

မုရှောင်ရှောင်း က ခဏစဉ်းစားလိုက်ဟန်ပြုလိုက်ပြီး လုရိချန်း ကို စူးစိုက်ကြည့်ကာ အတည်ပေါက်ကြီး ဆက်ပြောပါတယ်။

"အတန်းလစ်ရင် သတိထားရမယ့် စည်းကမ်း နံပါတ်တစ်-
ကျောင်းနဲ့နီးနီးနားနား လျှောက်မသွားရဘူး။ မဟုတ်လို့ ဆရာမတစ်ယောက်ယောက်တွေ့သွားရင် တခါတည်းသေပြီပဲ "

သူမရဲ့ ချစ်စရာဟန်ပန်လေးကိုမြင်တော့ လုရိချန်း တောင် သဘောကျကာပြုံးမိသွားပါတယ်။

"မင်းက တော်တော်အတွေ့အကြုံရင့်နေပုံရတယ် "

"ဘယ်သွားရမလဲ မဆုံးဖြတ်ရသေးခင် အရင်ဆုံးကားဂိတ်ကိုသွားရအောင်"

"ပြီးရောလေ"

မုရှောင်ရှောင်း က ပြောပြီးတာနဲ့ တွေ့တဲ့ဘက်ကို ဆက်လျှောက်သွားပါတယ်။

"ဒီဘက်ကိုသွားရမှာ"

"အော်...အော်!"

သူမ မျက်နှာလေးရဲသွားပြီး သူ့နောက်ကို အမြန်လေးပြေးလိုက်သွားပါတယ်။

ကားဂိတ်က သိပ်မဝေးပဲ အထဲမှာလည်း လူအနည်းအကျဉ်းပဲရှိလို့နေပါတယ်။

မုရှောင်ရှောင်း အတွက်တော့ ဒါက အတွေ့အကြုံအသစ်ဖြစ်နေတာမို့ ကားဂိတ်မှာ ကပ်ထားတဲ့ မှတ်တိုင်ပြစာရွက်ကို လိုက်ဖတ်ကာ ဟိုသည်ကြည့်နေပါတယ်။

"ဘယ်သွားချင်လဲ စဉ်းစားလို့ရပြီလား?"

လုရိချန်း က ထပ်မေးလိုက်ပြန်ပါတယ်။ ဘယ်သွားမယ် ဆိုတာကို သူ စဉ်းစားပြီးသားဖြစ်ပေမဲ့ ရှောင်ရှောင်း ရဲ့ အကြံကိုမေးဖို့မမေ့ပါဖူး။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Tempat cerita menjadi hidup. Temukan sekarang