Unicode
သူကတောင် အထင်လွဲနေပြီ...
"ဒီကို ဘာလာလုပ်တာလဲ?"
မုရှောင်ရှောင်း က အံ့အားသင့်ကာ ဝေခွဲမရဟန် ရင်းရှောင်ကျဲ ကိုကြည့်နေပါတယ်။
ရင်းရှောင်ကျဲ က ချောင်းတစ်ချက်ဟန့် လိုက်ပြီး သူမနဲ့မျက်နှာချင်းဆိုင်ကို လျှောက်လာပါတယ်။
ပြီးတော့ ခုနက စကားကိုပဲ အခိုင်အမာထပ်ပြောလိုက်တယ်။
"မင်းခုနက ဘာပဲတောင်းဆိုလိုက် တောင်းဆိုလိုက်... ငါခွင့်ပြုမှာမဟုတ်ဖူး"
ပြောပြီးတာနဲ့ ကျောင်းအုပ်ကြီးရှိရာကို မျက်နှာမူလိုက်ကာ ပြောင်းလဲခြင်းမရှိတဲ့ လေသံနဲ့ပြောလိုက်ပါတယ်။
"ကျွန်တော် ထုတ်ပစ်ပြီးသား လူတစ်ယောက်ကို ပြန်မခန့်ပါနဲ့...အန်ကယ်။ နားလည်တယ်မှတ်လား?"
တစ်ချိန်လုံး ခုံပေါ်မှာ ထိုင်နေတဲ့ ကျောင်းအုပ်ကြီးခင်ဗျာ ရင်းရှောင်ကျဲရဲ့အမူအရာကို မြင်ပြီး လန့်သွားတာကြောင့် ထခုန်လိုက်မိပါတယ်။
နဖူးပေါ်က ချွေးစက်တွေကို လက်နဲ့အသာအယာသုတ်ဖယ်လိုက်ပြီး တရိုတသေပြန်ပြောပါတယ်။
"နား...နားလည်ပါတယ် ကျဲသခင်လေး...ပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်"
"ရင်းရှောင်ကျဲ!!!"
မုရှောင်ရှောင်းက သူ့နာမည်ကို ဒေါသတကြီးအော်ပစ်လိုက်တာတောင်
မျက်နှာလေးက ဒေါသကြောင့် အနီရောင်သမ်းနေလေရဲ့...
"နင်ဘယ်လိုလို့ ဒီလောက်ရက်စက်ရတာလဲ? အဲ့လုံခြုံရေးက နင့်ကိုဘာအပြစ်လုပ်ဖူးလို့လဲ...ဟမ်? ဘာလို့သူ့ကို အလုပ်ဖြုတ်ပစ်ရတာလဲ? နင့်...နင့်လုပ်ရက်တွေက တအားလွန်လွန်းတယ်"ရင်းရှောင်ကျဲက သူမဆီကို တန်းတန်းမတ်မတ်လျှောက်လာကာ မျက်နှာချင်းဆိုင်လိုက်ပြီး ပြောလိုက်ပါတယ်။
"ငါက ဒါကို မင်းအတွက် လုပ်ပေးထားတာ မဟုတ်ဖူးလား? မင်းအတွက် အဲ့လူကို ထုတ်ပစ်ခဲ့တာတောင် မင်းက အလုပ်ပြန်ခန့်စေချင်တယ်ဆိုတော့ ငါ့မျက်နှာကို ဖြတ်ရိုက်ဖို့ ကြိုးစားချင်နေတာလား? "
YOU ARE READING
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...