(၂၇)

6.8K 630 4
                                    

Unicode

​အတည်လား? နောက်နေတာလား?

သူမ ဝန်မခံချင်ရင်တောင် ရင်းရှောင်ကျဲ မျက်နှာက ကြည့်ကောင်းတယ်ဆိုတာထက် ပိုပါတယ်။ သူ့ထက် သာတဲ့ လူမျိုးကို ရှာပြဖို့ဆိုတာ တော်တော်ကိုအခက်တွေ့စေမှာပါ။

ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့ရုပ်ရည်ပေါ်မှာ သူမ ပါ လိုက်ပြီးရူးသွပ်ရမယ်လို့မဆိုလိုဖူးလေ။

သူမ က ချောပေ့လှပေ့ဆိုတဲ့ လူတွေကြား နေထိုင်ကြီးပြင်းခဲ့တာပါ...

ဒါက အချောအလှတွေကို ခံနိုင်ရည်ရှိသွားတယ်လို့ ဆိုရမလားပဲ..?

မုရှောင်ရှောင်း တစ်ယောက် အတွေးတွေတသီတတန်းနဲ့ အကြောင်းပြချက်ရှာနေပေမဲ့ ဒီမတိုင်ခင်ကမှ ရင်းရှောင်ကျဲ နဲ့ ပြန်‌တွေ့တာ မကြာသေးဖူး ဆိုတဲ့တစ်ချက်ကို မျက်ကွယ်ပြုထားမိဆဲပါ...

ဒါက...

ယောက်ျားလေးတွေ အရွယ်ရောက်လာပြီဆိုရင် အရှိန်အဝါတွေကအစ ငယ်ငယ်ကနဲ့မတူတော့ပဲ ဘေးလူတွေအဖို့ ခံစားချက်တစ်မျိုး ပေးစွမ်းနေတတ်တယ်လေ...။

"ဟမ့်! တော်ပြီ...ငါတို့လည်း အပေါ်တက်ပြီး သွားစားကြမယ်!"

ယွီကျဲ က မုရှောင်ရှောင် ကို ထုထောင်းချင်တဲ့ အကြည့်တွေပို့နေပါတယ်။

"တွေ့လား...ငါမပြောဖူးလား...အသံကိုနှိမ့်ပြီးပြောပါဆို။ ပထမဆုံးကျောင်းပိတ်ရက်မှာတင် အဲ့လောက်ရန်သူတွေဖွဲ့မိနေရင် အတန်းထဲက မိန်းကလေးတွေက မင်းနဲ့တူတူဆို ဘယ်မှသွားချင်မှာ မဟုတ်တော့ဖူး"

"သူတော်ကောင်း ယောင်ဆောင်ရတာ မုန်းစရာကြီးပါဟာ...ငါက သူတို့နဲ့ပေါင်းဖို့အတွက် ‌သူတို့ပြောသမျှ ပုတ်သင်ညိုလို လိုက်ခေါင်းညိတ်ပေးနေရတော့မှာလား? ဒီလိုနည်းနဲ့ သူငယ်ချင်းဖြစ်အောင် လုပ်ရမှာ...နင်ပြောကြည့် ... ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်မလဲ"

ဘာပဲပြောပြော အဲ့လိုလူမျိုးတွေ ထက်စာရင် သူမကတော့ လုရိချန်း လိုလူမျိုးနဲ့ပဲ မိတ်ဆွေဖြစ်ဖို့ လိုလားပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)حيث تعيش القصص. اكتشف الآن