(၁၃)

9.8K 824 5
                                    

Unicode

မင်းသာမလုပ်ချင်ရင် ရိုသေပြနေစရာ မလိုဖူး

"ဟေ့...ရေမချိုးခင် ဒီကိစ္စကိုပြီးအောင်ရှင်းသွားဦး!"

ဘန်းခနဲ တံခါးပိတ်သံနှင့်အတူ ရင်းရှောင်ကျဲ မျက်နှာလည်း တံခါးနဲ့ ရိုက်မိသွားပါတယ်။
အဲ့ဒါက...
သူအမြဲတန်းဂုဏ်ယူနေရတဲ့ နှာတံချွန်ချွန်‌လေးကိုတောင် ထိတော့မလို့လေ။

"ထွက်ခဲ့စမ်း...မုရှောင်ရှောင်း!"
အော်ရင်း တံခါးကို ထုနေလိုက်တယ်။

သိပ်မကြာလိုက်ပဲ အဝတ်အစားသစ်တွေ ပိုက်ပြီး တံခါးဝကနေ သူမလေး ထွက်လာပါတယ်။

"ငါအခု အရမ်းအရမ်းကို ပင်ပန်းနေလို့ ဦးနှောက်က အလငပ်မလုပ်နိုင်တော့ဖူး မစဉ်းစားနိုင်တော့ဖူး...နက်ဖြန်...နက်ဖြန်မှ ‌ပြောရအောင် ဟုတ်ပြီလား?"

တံခါးဘောင်ကို ကိုယ်တခြမ်းမှီနေရင်းပြောလိုက်ပါတယ်။

ပြောပြီးတာနဲ့ သူ့ကိုကျော်ပြီး ရေချိုးခန်းထဲ ဝင်သွားတယ်လေ ။

သူမလေး တကယ်ပင်ပန်းနေတာကို တွေ့လိုက်ရတော့ ဒီကိစ္စကို ခဏထားလိုက်ရုံက လွဲပြီး မရှိတော့ဖူးလေ။
…..............................…............

‌နောက်နေ့ရောက်တော့...
ညတုန်းကကောင်းကောင်းအနားယူပြီးသွားတဲ့ မုရှောင်ရှောင်းတစ်ယောက် အပြင်က ဆူညံဆူညံအသံတွေကြားပြီး နိုးလာပါတယ်။ ခြုံထားတဲ့စောင်ကို ဖယ်ကာ အိပ်ရာက ထလာလိုက်တယ်။

တံခါးကိုဖွင့်လိုက်တော့ ရင်းရှောင်ကျဲကို တွေ့လိုက်ပါတယ်။

"ရင်းရှောင်ကျဲ...‌မနက်စာရော ဘယ်မှာလဲ? ဗိုက်ဆာနေပြီ"

သူမမျက်လုံးတွေက အခုထိ ကောင်းကောင်းမပွင့်သေးပါဖူး။ ပြောရရင် ခုထိ အိပ်ချင်မူးတူး‌ဖြစ်နေဆဲပါ။

ဆိုဖာရှိရာကို သွားကာ ထိုင်ချလိုက်ပြီး ဘေးကရှိတဲ့ ကူရှင်တစ်ခုကို ရင်ဘတ်ထဲပိုက်ကာ ခေါင်းတညိတ်ညိတ်နဲ့ သူမပုံလေးက မကြာခင်ပဲ ပြန်အိပ်ပျော်သွားတော့မယ့်ပုံပါ။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Dove le storie prendono vita. Scoprilo ora