🥳30K Appreciation🥳

5.4K 432 31
                                    

Total view ကလည်း 30K  ပြည့်ဖို့ ပိစိလေးပဲ လိုတော့သလို အပိုင်း ၃၀ လည်း ရောက်သွားခဲ့ပါပြီ။

သုံးလကျော်  လေးလ အချိန်လေး အ‌တွင်းမှာ ဖတ်တဲ့သူတွေ အဲ့လောက်အများကြီးရလာတာမို့  ဒို့ ဘာသာပြန်တာ ဖတ်လို့ အဆင်ပြေတယ် လို့ပဲ ယူဆလိုက်ပါမယ်။

(အဆင်မပြေတာ ရှိရင်လည်း အကြံပေးလို့ရပါတယ်...ကောင်းစေချင်တဲ့ စေတနာနဲ့ ပြောတာမို့လို့ စိတ်မဆိုးတတ်ပါဖူး(◍•ᴗ•◍))

[ Btw you can call me Rika or အကာ ( ˘ ³˘)♥  ]

ဒီအချိန်အတွင်း မှာ အပိုင်း ၃၀ ပဲ ပြီးတာမို့လို့ အကာ ဘယ်လောက်အပျင်းကြီးလည်း သိကြမှာပါ။

စာဖတ်သူတွေလည်း သတိထားမိကြမှာပါ အစပိုင်းမှာ ဖတ်ရတာ တချို့နေရာတွေ ထောက်နေတယ်ဆိုတာ။

ဘာသာပြန်တာ လွယ်လွယ်လေးပဲ ဆိုပြီး ကောက်ပြန်လိုက်ပေမဲ့လည်း ကိုယ်နားလည်ထားတဲ့ဟာကို ဖတ်တဲ့သူတွေပါ အလွယ်တကူနားလည်အောင် စာပြန်စီရတာ (ဒို့ အတွက်တော့ ) တော်တော်ခက်ခဲ့တာပါ။

ဒါပေမဲ့ vote တွေ viewer တွေ တက်လာရင် ကိုယ့်ကို ချီးကျူးတယ်လို့ ခံစားမိလို့ အဆင်ပြေအောင် ဆက်ကြိုးစားခဲ့ပါတယ်။

ပျင်းလို့ဆိုပြီး တစ်နေကုန်အိပ်ရာထဲ လှဲ ဖုန်းသုံးနေတဲ့အချိန်တွေမှာလည်း cmt ပေးတဲ့ သူတွေ update တောင်းတဲ့သူတွေကြောင့် အားတွေတက်ပြီး ချက်ချင်းကို နှစ်ပိုင်း သုံးပိုင်း ပြန်လို့ရတဲ့အထိ ဘာသာပြန်စကေးတွေ တက်လာခဲ့ပါတယ်။

အဲ့ဒါကြောင့် you guys mean a lot to me ပါ
အားလုံးကို ကျေးဇူးတင်ပါတယ်။

စကားမစပ် ဒို့စင်ဂယ်ပါ 🙆🏻‍♀️

ဟုတ် ဒါပါပဲ...။

ချစ်တဲ့ အကာ 😗

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Hikayelerin yaşadığı yer. Şimdi keşfedin