Unicode
ကျဲသခင်လေးရဲ့ အာဏာစက်
"မင်းပြောတာကို နားထောင်ရသလောက်တော့ သူက မင်းကို ဩဇာရှိတဲ့ မိသားစုရဲ့ သခင်မလေးတစ်ယောက်လို့ ထင်သွားပုံရတယ်...မင်းက အဲ့အစောင့်ကို မကျေနပ်လို့ အလုပ်ဖြုတ်ဖို့ ကျောင်းအုပ်ကို ပြောလိုက်တာဆိုပြီး တွေးမိလို့နေမှာပေါ့ "
မုရှောင်ရှောင်း ကလည်း ခေါင်းတညိတ်ညိတ်နဲ့ "အဲ့လိုကိုး..."
ပြောရင်းဆိုရင်း ယွီကျဲ ရဲ့ မျက်နှာကို ကြည့်ရတာ သူ့စကားမှာ သူ ဈာန်ဝင်သွားပုံရပါတယ်။
"တကယ်တမ်းကျတော့ ဒီလိုကိစ္စမျိုးကို ငါပထမဆုံးမြင်ဖူးတာတော့ မဟုတ်ဖူးဟ။ အရင်က ကျဲသခင်လေးကို အနှောင့်အယှက်ပေးတဲ့ ကျောင်းသားတစ်ယောက် ရှိခဲ့ဖူးတယ်။ ပြီးကျတော့လည်း သူ ကျောင်းထုတ်ခံလိုက်ရတယ်လေ။ ဒီကမ္ဘာကြီးမှာ သန်မာတဲ့ သူတွေက အမဲလိုက်သူဖြစ်ပြီး အားနည်းတဲ့သူတွေကတော့ အမြဲပြေးလွှားနေရတာပဲ...အဲ့အတွက် မင်းကို အားနည်းသူအဖြစ် မွေးဖွားလာစေတဲ့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမှာပဲ"
ဒီစကားကို ကြားတော့ မုရှောင်ရှောင်း စကားဖြတ်ပြောလိုက်ပါတယ်။
"ရင်းရှောင်ကျဲ...သူ...သူက အဲ့လောက်တောင် အာဏာရှိတယ်ပေါ့။ သူ့ကို အနှောင့်အယှက်ပေးမိတာလေး တစ်ခုထဲနဲ့ လူတစ်ယောက်ကို ကျောင်းထုတ်နိုင်လောက်တဲ့အထိ?"
ဒီကျောင်းမှာရှိတဲ့ ကျောင်းသားတိုင်းလိုလို က ချမ်းသာပြီး နောက်ခံကောင်းကောင်း ရှိတယ်လို့ ခုနလေးတင် သူပဲ ပြောထားတာမဟုတ်ဖူးလား?
ရင်းရှောင်ကျဲ အကြောင်းကို ပြောနေတဲ့ ယွီကျဲ မျက်နှာမှာ လေးစားမှုတွေက အတိုင်းသားပေါ်နေပါတယ်။
"ဒါပေါ့! ကျဲသခင်လေး ရဲ့ အာဏာစက်က ဒီကျောင်းမှာတော့ လွှမ်းမိုးမှု အရှိဆုံးပဲ။ သူ့အဖေက ဒီကျောင်းရဲ့ ဒါရိုက်တာလေ...အဲ့တော့ ပြောရရင် ဒီကျောင်းက သူ့မိသားစုက ပိုင်တာလို့တောင် ပြောလို့ရတယ်။ အဲ့ဒါကြောင့် သူလုပ်ချင်သလို လုပ်လို့ရတာ မဆန်းပါဖူး"
YOU ARE READING
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...