(၄၂)

6.1K 630 28
                                    

Unicode

ရူးချင်ယောင်ဆောင်ဖို့ကြိုးစားနေတာလား?

လုရိချန်း က သွားနေတာကို ရပ်လိုက်ပြီးတော့ သူတို့ဘက်ကို လှည့်မေးလိုက်ပါတယ်။

"မင်္ဂလာပါ ခင်ဗျ...ဦးလေးတို့ ပြောနေတဲ့ အလုပ်ပြုတ်သွားတယ်ဆိုတဲ့တစ်ယောက်က မနေ့က ဒီမှာ ဂိတ်ပေါက်စောင့်တဲ့ ဦးလေးကိုပြောတာလား မသိဖူး?"

အသက်ကြီးကြီး ဦးလေးကြီးကလည်း ပြောလက်စကို ရပ်လိုက်ပြီး လုရိချန်းကို သိနေတဲ့ပုံပြကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေပါတယ်။

"ဟုတ်တယ်လေ...သူပဲ။ တစ်ခုခုသိချင်တာများ ရှိလို့လား?"

"သူက ဘယ်တုန်းက အလုပ်ပြုတ်သွားတာလဲ? ဘာလို့ ပြုတ်သွားတာလဲဗျ?!"
လုရိချန်း ကလည်း အရမ်း သိချင်နေတဲ့ဟန် ဆက်မေးပါတယ်။

"အာ...ဒါက...သူက မနေ့က နေ့လည်လောက်မှာ အလုပ်ဖြုတ်ခံလိုက်ရတာလေ။ ဘာလို့လဲဆိုတော့..."

ပြောနေတဲ့ ဦးလေးကြီးက ပြောမထွက်သည့်ဟန် မုရှောင်ရှောင်း ကို ငေးကြည့်ကာ "တောင်းပန်ပါတယ်...ဒီကိစ္စက ပြောခွင့်မရှိတဲ့ ကိစ္စမို့လို့ပါ"

သူ မပြောရင်တောင် ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ လုရိချန်း က ဆက်စပ်မိသွားပါပြီ။

"ကျေးဇူးပါ ခင်ဗျ...ကျွန်တော် နားလည်ပါပြီ"

‌ကျေးဇူးတင်သည့်ဟန် ခေါင်းညိတ်ပြလိုက်ပြီး မုရှောင်ရှောင်း ကို လျစ်လျူရှုကာ တစ်ယောက်တည်း ရှေ့ဆက်လျှောက်သွားပါတယ်။

မုရှောင်ရှောင်း ကတော့ မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် အတွေးပွားကာ ကျန်ခဲ့ပါတယ်။

ခုနက ဦးလေးကြီးပြောတဲ့ တစ်ယောက်က မနေ့တုန်းက သူမကို ကျောင်းထဲမဝင်ဖို့ တားခဲ့တဲ့ အစောင့်ကို ပြောတာလား? သူက ဘယ်လိုလုပ်အလုပ်ပြုတ်သွားရတာလဲ?

"ဝေးး လုရိချန်း စောင့်ဦးလေ! ဘာလို့ အဲ့လောက်မြန်မြန်သွားနေတာလဲ? အတန်းမှ မစသေးတဲ့ ဟာကို"

ခြေတံ လက်တံ ရှည်တဲ့ လုရိချန်း နဲ့စာရင်တော့ သူမလို သနားစရာ ပုပုတိုတိုလေးက လိုက်လို့ ဘယ်မှီပါ့မလဲ။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Kde žijí příběhy. Začni objevovat