(၄၈)

6.7K 659 47
                                    

Unicode

ခွေးကောင်!

"ရှောင်ရှောင်း...မင်းဘာလို့ ဒီလောက်ဆိုးလာရတာလဲ?!"

သူ့ဆီက ဒီစကားကို ကြားတာနဲ့ သူမကိုယ်လေးက သိမ့်ခနဲတုန်သွားပြီး မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်သမ်း‌လာပါတယ်။

လုရိချန်းဆီက ဥပေက္ခာပြုခံရတာနဲ့တင် တော်လောက်ပြီလေ။

အဲ့တုန်းကတောင် သူမ စိတ်ထဲသိပ်ထည့်ခဲ့တာ မဟုတ်ပါဖူး။

အခု...အခုကျ...ရင်းရှောင်ကျဲ ကပါ သူမကို အထင်လွဲနေပြန်ပြီ။

အရင်းနှီးဆုံးလူဆီက အထင်လွဲခံရတာက ပိုပြီး ခံရခက်ပါတယ်...

မျက်ဝန်းတစ်ဝိုက် ခိုသီနေတဲ့ မျက်ရည်ဥတွေက သူမရဲ့ နှင်းဆီသွေးရောင် ပါးပြင်ထက်ဝယ် ပေါက်ခနဲ ပေါက်ခနဲ ကျလို့လာပါတယ်။

သူမလေး ငိုနေတာမြင်လိုက်ရတော့ ရင်းရှောင်ကျဲလည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ နေရာမှာ တောင့်တောင့်ကြီးရပ်နေမိသည်။

"ရင်းရှောင်ကျဲ! အရူးကောင်ကြီး! သွားတော့...နောက်တစ်ခါ နင့်ကို ဘယ်တော့မှ မခေါ်တော့ဖူး!"

မုရှောင်ရှောင်း က သူ့ကို ဝါးစားတော့မတတ် ဒေါသထွက်နေတဲ့ အကြည့်တွေနဲ့ကြည့်ပြီး ကြုံးဝါးကာ လှည့်ထွက်သွားပါတယ် ။

ရင်းရှောင်ကျဲ ကတော့ လက်သီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်လို့နေပါတယ်။

နောက်မှာလည်း ကျောင်းအုပ်ကြီးက ရင်းရှောင်ကျဲ ရဲ့ ကျောပြင်ကို ချိတုံချတုံနဲ့ ကြည့်နေပါတယ်။

အဲ့ဒီနောက် သတိကြီးကြီးထားပြီး ရင်းရှောင်ကျဲရဲ့ နောက်နားဆီကနေ တိုးတိုးလေးကပ်မေးလိုက်ပါတယ်။

"ကျဲသခင်လေး...ဒါဆိုကျွန်တော်ကရော ဘာ..."

"တော်လိုက်!"

ဒေါသမာန်အပြည့်နဲ့ လှည့်လာပြီး ကြိမ်းဝါးလိုက်ပါတယ်။

ချီးပဲ!

ရင်းရှောင်ကျဲ တစ်ယောက် ကိုယ့်ကိုယ်ကို ကြိတ်ဆဲလိုက်ပြီး ရှောင်ရှောင်း ဟု သံရှည်ဆွဲအော်ဟစ်ကာ နောက်ကနေ အပြေးလိုက်သွားပါတော့တယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Kde žijí příběhy. Začni objevovat