(၂၀)

9.1K 788 11
                                    

Unicode

အရှက်ခွဲခံရ

မုရှောင်ရှောင်း မျက်နှာမှာတော့ မယုံကြည်နိုင်ဟန်တွေက အထင်းသားပေါ်ပေါက်လာပါတယ်။

ကောင်လေးက ခေါင်းကိုကုတ်ပြီး ရှက်ရွံ့ရွံ့ဆက်ပြောလာပါတယ်။

"တကယ်တော့ 'အက်စ်' အခန်းက စာတော်တဲ့ကျောင်းသားရော သူဌေးသားသမီးတွေပါ ရောထားတာ။ တခြားအခန်းတွေက သာမာန်ပါပဲ...အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အညံ့ဆုံးအခန်း 'အက်ဖ်' ဆိုပြီး ခွဲထားတာလေ။ အဲ့အခန်းမှာ ဂိုဏ်းစတားတွေအများကြီးပဲရှိတတ်လို့ နောင်ကျရင် ယောင်လို့တောင် မသွားမိစေနဲ့"

မုရှောင်ရှောင်း က အ‌ကြောင်းရင်းအမှန်ကို သိလိုက်ရလို့ အံ့ဩတကြီးဖြစ်နေပါတယ်။

ဒီကောင်လေးက သူမကိုတောင် သတိထားဖို့ပြောပေးတယ်ဆိုတော့ သူမဘက်ကလည်း သူ့အပေါ်ထားတဲ့ အမြင်ကို ဒီထက်ပိုကောင်းပေးသင့်တယ်လို့ ခံစားလိုက်ရတယ်။

"အဲ့ဒါဆို နင်က ချမ်းသာလို့ပဲဖြစ်ရမယ်? နင့်ပုံစံက အဆင့်ကောင်းတဲ့စာကြမ်းပိုးနဲ့ မတူဖူး"

ကောင်လေး‌က နည်းနည်းတော့ရှက်သွားရှာပေမဲ့ သူ့သိက္ခာကိုပြန်အဖတ်ဆယ်ဖို့ ကသောကမျောပြန်ရှင်းပြရှာပါတယ်။

"ငါ့အင်္ဂလိပ်စာက သိပ်မကောင်းဖူးဆိုပေမဲ့ တရုတ်စာမှာတော့ အရမ်းကောင်းတာ!"

မုရှောင်ရှောင်း က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပါဖူး။
"

နင် ယောက်ျားကြီးဖြစ်နေပြီးတော့ တရုတ်စာမှာတော်တာလေးကို ဂုဏ်ယူနေသေးတယ်?"


"မုရှောင်ရှောင်း... နင်က ရုပ်လေးနဲ့မှမလိုက်‌ နားဝင်ဆိုးတဲ့စကားတွေအရမ်းပြောတာပဲ။ ကြည့်တော့ဖြင့် အင်နိုးဆန့်ရုပ်လေးနဲ့"


"ငါက? အပေါက်ဆိုးတယ်? တကယ်အပေါက်ဆိုးတဲ့ သူကို နင်မတွေ့ဖူးသေးလို့ပါ"


"အော်...ဒါနဲ့...ငါက ယွီကျဲ၊ နင့်မှာ ကိစ္စတစ်ခုခုရှိလာရင် ငါ့ကိုအမြဲလာရှာလို့ရတယ်"
ဟုဆိုကာ ရင်ဘတ်ကိုတဘုန်းဘုန်းပုတ်ပြရင်း ဂုဏ်ဆာနေပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora