(၁၁)

10.4K 829 10
                                    

Unicode

မင်းဆီက တကယ် အခွင့်အရေးယူချင်နေတာ ဆိုရင်ရော...?

"ငါ ချွေးတွေအရမ်းထွက်နေတာ...စေးကပ်ကပ်နဲ့ နေလို့ထိုင်လို့မကောင်းဖူး...‌သန့်ရှင်းရေးလုပ်မှာကို ဖြစ်တော့မှာ"

မုရှောင်ရှောင်းက အိပ်ချင်မူးတူးနဲ့ ပြောရင်း သူကိုင်ထားတဲ့လက်တွေကို စိတ်မရှည်စွာ ဖြုတ်ချကာ သူ့လက်မောင်းအောက်ကနေ လျှိုပြိးထွက်ဖို့ကြိုးစားနေပြန်တယ်။

ဒီလောက်ဖြစ်နေတာတောင် ရေချိုးချင်နေသေးတဲ့သူမကြောင့် သူပင်ဆွံ့အသွားမိသည်။

သူမလေးကို ဂုတ်ကနေဆွဲကာ ရေချိုးခန်းထဲခေါ်သွားပြီး
"မင်း...တကယ်ရေချိုးမှဖြစ်မှာလား?"
ဟု အသေအချာကြည့်ပြီးမေးလိုက်သည်။

မုရှောင်ရှောင်းလည်း ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ
"ဒါပေါ့...မဟုတ်ရင် ငါဘယ်လိုလို့အိပ်လို့ရမှာလဲ...?"

"မင်းတကယ်ရေချိုးမှဖြစ်မယ်ဆိုလည်း အရင်ဆုံးကိုယ့်ဟာကို နိုးအောင်လုပ်လိုက်ဦး..."

"...ဘယ်ပြောလို့ရမလဲ မင်းကအဲ့လောက်နမော်နမဲ့နိုင်တာ...ရေချိုးခန်းထဲအိပ်ပျော်နေရင် ဘယ်လိုလုပ်ကြမလဲ"

ဒီလိုမျိုးက အရင်ကလည်း တစ်ခါဖြစ်ခဲ့ဖူးသေးတယ်လေ။

သူတို့ငယ်ငယ်တုန်းကပေါ့...။

သူ့အိမ်ကိုလာလည်ရင်း ‌ဆပ်ပြာပူဖောင်းတွေပြည့်နေတဲ့ရေချိုးကန်ငယ်လေး ထဲမှာ သူမက ခဏလေးမှေးဖို့ လုပ်ခဲ့တယ်လေ...။
မှေးတယ်‌ဆိုပေမဲ့...တကယ်ကြီးကိုအိပ်ပျော်သွားပြီး ရေနစ်တော့မလို့ပါပဲ။

အဲ့ဒါကြောင့်မို့လို့ သူမရဲ့အခုအခြေအနေနဲ့ ရေချိုးဖို့ကို ခွင့်မပြုနိုင်ပါဖူး။
ဖြစ်လာမယ့်အကျိုးဆက်တွေကို သူတကယ် တာဝန်မခံနိုင်ဖူးလေ။

သူ...ရုတ်တရက် တစ်ခုခုတွေးမိပြီး ရေချိုးခန်းတံခါးကို လက်ထောက်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်တယ်။

တံခါးနဲ့ သူ့ကိုယ်ကြားမှာ ညပ်နေတဲ့ အိပ်တစ်ဝက်နိုးတစ်ဝက်ကောင်‌မလေးကို ငုံ့ကြည့်ကာ ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပြောလိုက်ပါတယ်...

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Onde histórias criam vida. Descubra agora