(၃၃)

7.3K 695 21
                                    

Unicode

ဘယ်သူနဲ့မှ အတူမနေဖူးဘူး!

"ပုံးထဲက ဘာမို့လို့ အဲ့လောက်ဖြစ်‌ပျက်သွားတာတုန်း?"

ရင်းရှောင်ကျဲ ကလည်း သူမပုံစံကြောင့် ခပ်မြူးမြူးလေးရယ်လိုက်ပြီး ပုံးထဲကို သိလိုစိတ်အပြည့်နဲ့ တိုးကြည့်လိုက်ပါတယ်။

ပုံးထဲက ရင်းမာမား ရဲ့အဖိုးတန်လက်ဆောင်လေးများကို တွေ့ပြီး သကာလမှာတော့ သူလှောင်နေခဲ့တဲ့ မုရှောင်ရှောင်း မျက်နှာကြီးအတိုင်း ရှုံ့မဲ့သွားပါတယ်။

မုရှောင်ရှောင်း : ⊙﹏⊙
ရင်းရှောင်ကျဲ  :  ⊙﹏⊙

နှစ်ယောက်သား အာစေးမိသလို ဆွံ့အနေပြီး‌မှ တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြား စွာ လှည့်ကြည့်လိုက်ပါတယ်။

မုရှောင်ရှောင်း က ကုတင်ပေါ်လှဲချလိုက်ကာ ဗိုက်နှိပ်ပြီး လှိမ့်ပိန့်နေအောင် ရယ်ပါတော့တယ်။

"အောင်မလေး! ရင်းမာမား ကတော့ စံတင်လောက်တယ် တကယ့်ကိုပဲ! ငါတို့ကို ဒီလို‌လက်ဆောင်မျိုး ပေးမယ်ဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် ရယ်ရလို့ သေတော့မယ်! ဟားဟား ဟား! ဒါကြီးက တကယ် အူတက်အောင် ရယ်ရတာပဲ!"

ရင်းရှောင်ကျဲ က ပုံးနားထိ သွားပြီး အထဲမှာ ဘာပါသေးလဲ ‌ကြည့်လိုက်ပေမဲ့ ပုံးအပေါ်ကနေ အောက်ခြေအထိ ကွန်ဒုံးတွေက လွဲရင် ဘာမှ ရှိမနေခဲ့ပါဖူး....

ဒါက ရာနဲ့ချီပြီး ရှိနေမယ်လို့တောင် ထင်ရတယ်...

ရင်းရှောင်ကျဲ ကတော့ ရယ်ရမလား ငိုရမလား မသိတော့ပါဖူး။

"အဲ့လောက်အများကြီး ငါတို့ ဘယ်တော့မှ သုံးလို့ကုန်မလဲ?"

မုရှောင်ရှောင်း က ကုတင်ပေါ်မှာ လှိမ့်ပြီး ရယ်နေရာကနေ ထထိုင်လိုက်ပြီး လက်သီးလက်မောင်းတန်းကာ သူ့ကို စိုက်ကြည့်ပြောနေပြန်ပါတယ်။

"ဘာကို ငါတို့လဲ? ဘယ်သူက ဒါတွေကို နင်နဲ့သုံးမယ်ပြောလို့လဲ နှာဘူးကောင်ရဲ့"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Onde histórias criam vida. Descubra agora