(၃၅)

6.9K 680 27
                                    

Unicode

တစ်ချိန်တုန်းကတော့ အရင်းနှီးဆုံးတွေ ဖြစ်ခဲ့ကြတာပေါ့...

သူမ တို့ပြောနေတဲ့ အကြောင်းအရာကြောင့် လုရိချန်း ကို သတိရသွားပါတယ်။

သူ့ကို နောက်နေ့ကျ သွားရှာသင့်လား?

ဒီလို ပေါ်ပြူလာဖြစ်လွန်းတဲ့ လူမျိုးနားမှာ ခဏခဏအရိပ်အယောင်သွားမပြသရွေ့ လုရိချန်း က သူမကို မေ့သွားလောက်မှာပါ။

ရင်းရှောင်ကျဲ က သူမ အတွေးပင်လယ်ထဲ မြောနေတာကို သတိထားမိသွားပါတယ်။

ဒီကောင်မလေး က သူမ ပြောဖူးတဲ့ ကိုလူချော အကြောင်းကို စိတ်ကူးယဉ်နေမှန်း ခန့်မှန်းမိတော့ အဲ့ဒီလူကို နည်းနည်းလေးတော့ မနာလိုဖြစ်မိသွားပါတယ်။

"အဲ့ဒါဆိုလည်း မင်းပြောတာ ဘယ်သူလည်းလို့ ငါ့ကိုပြောလေ...မဟုတ်ရင် ဒီကျောင်းမှာ ငါ့ထက်ကြည့်ကောင်းတဲ့သူ ရှိသေးတယ်ဆိုတာ မယုံဖူး"

ပြီးတော့ ဒါက သူမ ဒီကိုပြန်ရောက်ပြီး ပထမဆုံးကျောင်းပြန်တက်ရက်လေ...ဒီငတိမလေး အဲ့လိုလူမျိုးနဲ့ ချက်ချင်းတွေ့စရာတော့ မရှိလောက်ပါဖူး!

မုရှောင်ရှောင်း က လှောင်ပြုံးလေးပြုံးလိုက်ပြီး ပြန်ပြောပါတယ်။

"ရှိတယ်ဆိုရင်တောင် နင့်ကို ပြောပြစရာလား! တစ်ခုပဲ ပြောလိုက်မယ်...ဒီကျောင်းမှာ ခန့်ညားတဲ့သူဆိုတာ နင်တစ်ယောက်ပဲ ရှိတာ မဟုတ်ဖူး"

အဲ့ဒီအကြောင်းကိုတော့ ယွီကျဲ က သူမကို ပြောပြထားတာပါ။ တကယ်ကိုပဲ အသိအကျွမ်း များများရှိတာက တကယ်အကျိုးရှိတာပဲ။


"တော်ပြီ တီဗွီမှာလည်း ဘာမှ ကြည့်စရာ မရှိဖူး။ ကိုယ့်ဟာကိုယ်ပဲ သွားအိပ်တော့မယ်...ဟွန့်!"

ောက်လက်စဟာလေးကို ကုန်အောင်သောက်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ကာ ကိုယ်ပေါ်က ဖုန်တွေကို ခါပြီး မတ်တပ်ထရပ်လိုက်ပါတယ်။

"နေဦး!"

ူမ က အထ မှာ ရင်းရှောင်ကျဲ က သူမကိုယ်လေးကို ရုတ်တရက်လှမ်းဆွဲလိုက်တော့ သူမလေးခမျာ ဟန်ချက်မညီတော့ဘဲ ရင်းရှောင်ကျဲ ရင်ခွင်ထဲကို ပြန်ပစ်ကျ လာပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Onde histórias criam vida. Descubra agora