Unicode
ကျေးဇူး ယောက်ျား!!!
ရင်းရှောင်ကျဲ ကလည်း သူမလေး တစ်ခုခု တီးတိုးပြောစရာ ရှိတယ်ထင်တာကြောင့် သံသယဖြစ်မနေဘဲ အနားကို တိုးသွားလိုက်ပါတယ်။
ဒါပေမဲ့လည်း...
သူအနားရောက်သွားတယ်ဆိုတာနဲ့
မုရှောင်ရှောင်း က သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး "ကျေးဇူးပါ...ယောကျာ်းရေ" ဆိုပြီး ပြုံးဖြီးဖြီးလုပ်ပြကာ ကားထဲက ထွက်သွားပါတယ်။ရင်းရှောင်ကျဲ ခမျာလည်း သူမလေးရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် ခေတ္တမင်သက်သွားပေမဲ့လည်း ပြုံးတုံ့တုံ့ဖြစ်သွားပါတယ် ။
ဒီကောင်မလေးကတော့ တကယ်ကိုပဲ...
မုရှောင်ရှောင်း က သူ့ကို ကားတံခါးအပြင်ဘက်ကနေ လက်လှမ်းပြပြီး အနားက ကိတ်မုန့်ဆိုင်ထဲ ဝင်သွားပါတယ်။
ကားစက်နှိုးပြီး ဆက်သွားဖို့ ပြင်ပေမဲ့လည်း ဒီအရှုပ်ထုပ်မလေး ထူးထူးဆန်းဆန်း ဖြစ်နေတယ်လို့ ခံစားမိတာကြောင့် မမောင်းထွက်သေးဘဲ ရပ်ကြည့်နေမိပါတယ်။
ထိုအချိန်ဝယ် ကိတ်မုန့်ဆိုင်ထဲတွင်..
မုရှောင်ရှောင်း ကတော့ အလှဆုံးပြုံးပြီး လုရိချန်း နောက်မှာ ရပ်နေပါတယ်။
သူ့ပခုံးလေးကို နောက်ကနေ လှမ်းပုတ်လိုက်ပြီး "ဟယ်လို!" လို့ စ နှုတ်ဆက်လိုက်ပါတယ်။လုရိချန်း ကလည်း နောက်ကို လှည့်ကြည့်လာပေမဲ့ သူမ ဖြစ်နေမယ်လို့ မထင်မိတာကြောင့် အတန်အံ့အားသင့်သွားပါတယ်
"မင်းပဲလား?"
"ဟုတ်တယ်...ဟုတ်တယ်...ကြည့်ရတာ ညီမ တို့က ကံစပ်တယ်ထင်တယ်နော်"
ပြောရင်းဆိုရင်း လုရိချန်း ကြည့်နေတဲ့ မုန့် ထားတဲ့ ကောင်တာထဲကို ခေါင်းလေးတိုးပြီး ကြည့်လိုက်ပါတယ်။
ဘာလဲ သူက ဒီနေ့လည်း ထပ်ပြီး စတော်ဘယ်ရီကိတ်ပဲလား!
သူမရဲ့ နှလုံးသားလေးနုနုနယ်နယ်ကတော့ အပ်နဲ့ အဆွခံလိုက်ရသလိုပါပဲ!
ဒါ...ထပ်ပြီး သူ့ကောင်မလေး ဖို့ပဲလား?
အဲ့ဒါဆို သူ့ရဲ့ လျှို့ဝှက်ချစ်သူ ဆိုတာ သူမတို့ကျောင်းကပဲ ဖြစ်ရမယ်!
DU LIEST GERADE
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romantikသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...