(၂၉)

6.9K 644 2
                                    

Unicode

သူ့ချစ်သူကြောင့် သူမကိုစွန့်ပစ်

ရင်းရှောင်ကျဲ က မထိတထိသံနဲ့ အေးစက်စက်ပြန်ပြောပါတယ်။

"မိုးပေါ်က ကျလာတဲ့ နတ်သားလေးလို ချောပါတယ်ဆိုတဲ့ ကောင်လေး မင်းဘေးနားမှာ ရှိတယ်မဟုတ်ဖူးလား? သူ့ကိုလိုက်ပို့ခိုင်းပါလား? အဲ့လိုအခွင့်အရေးမျိုးသာ ရရင် ဟိုက ပျော်လွန်းလို့ထ က နေလိမ့်မယ်"

မုရှောင်ရှောင်း ကလည်း နှုတ်ခမ်းကို ကိုက်ပြီး ပြန်ချေပပါတယ်။

"နင်အခု ဘယ်နားမှာလဲ မသိပေမဲ့ ဒီကို မြန်မြန် ပြန်လာတာကောင်းမယ်...ငါ့ကို ခုချက်ချင်း အိမ်! ပြန်! ပို့! ပေး!!!!!"

ရင်းရှောင်ကျဲ က သူ့ကောင်မလေးကို ပြန်ပို့ရမှာမို့ သူမကို ထားပစ်ခဲ့တယ်လို့ပဲ ရှောင်ရှောင်း က ထင်နေတာပါ။

ဒီအကြောင်းကို စဉ်းစားမိတော့ ‌ဒေါသက ငယ်ထိပ်ဆောင့်တက်လာပါတယ်။

"ရင်းရှောင်ကျဲ...ငါတို့ ဒီည နင့်အိမ်ကို တူတူသွားမယ် မပြောခဲ့ဖူးလား? နင့်ကောင်မလေး ကို အိမ်ပြန်ပို့ဖို့ ငါ့ကို လမ်းဘေးမှာ ခွေးလိုကြောင်လို ပစ်ထားခဲ့တယ် ဆိုတာ ငါ နင့်အမေကို တိုင်ပြောပစ်မယ်...အရူးကြီးရဲ့!!!"

"ဟဟ...လူကြီးတွေကို ပြန်တိုင်ပြောရအောင် မင်းက သုံးနှစ်ကလေး လား?"

ရင်းရှောင်ကျဲ ကလည်း ပြန်သရော်ပါတယ်။

မုရှောင်ရှောင်း ကတော့ အတော်ကို စိတ်ထိခိုက်သွားတာမို့ လမ်းမဘေးမှာ ထိုင်ချလိုက်ပြီး စိတ်လျှော့ချလိုက်တဲ့ လေသံနဲ့ ပြောပါတယ်။

"ရင်းရှောင်ကျဲ...ဒီကို မြန်မြန်လာခဲ့တော့"

သူမ စကားဆုံးတာနဲ့ ပြိုင်ကားတစ်စီးက သူမရှေ့မှာ လာရပ်ပါတယ်။

အယ်?

ဒီကားက မနက်က ကျောင်းလိုက်ပို့တုန်းက ရင်းရှောင်ကျဲ စီးတဲ့ကားမဟုတ်ဖူးလား...?

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora